မွန်ပြည်နယ် ပေါင်မြို့နယ် အတွင်းရှိ မြန်မာမွတ်စလင်မ်များ နိုင်ငံသား စိစစ်ရေးကဒ်ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးရေးကော်မတီ အစည်းအဝေးကို ပေါင်မြို့နယ် မုတ္တမမြို့ရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ် လူငယ်များ ဘာသာရေးအဖွဲ့ခွဲ မုတ္တမမြို့ မ .မ.လ အဖွဲ့ခွဲရုံးခန်းတွင် ကျင်းပပြုလုပ်ပါသည်။
ထိုအစည်းအဝေးသို့ ပေါင်မြို့နယ်အတွင်ရှိ ဗလီ(၇)လုံးမှ ဂေါပကအဖွဲ့ဝင်များ မ.မ.လ အဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများ အစ္စလာမ်သာသနာရေးရာ ကောင်စီမှ တာဝန်ရှိသူများ အိုလမာသာသနာ ပညာရှင်များ အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
ကူညီပေးရေးအဖွဲ့ခေါင်ဆောင် မ.မ.လအဖွဲ့ခွဲဥက္ကဌ ဦးခင်မောင်မြင့်မှ အမှာစကားပြောကြားနေပုံ
ကူညီပေးရေးကော်မတီမှ ပြန်ကြားရေးမှူးကိုကြည်ဝင်းမှ ပြန်ကြာရေးဆိုင်ရာများကိုတင်ပြနေပုံ
ကူညီပေးရေးကော်မတီမှတာဝန်ခံကိုအောင်ကျော်ထွေးမှ နိုင်ငံသာစိစစ်ရေးကဒ်ရရှိရန်လိုအပ်သည်များကိုတင်ပြနေပုံ
Comments