မတ် ၄၊ ၂၀၁၄
M-Media
လမင်း
ရန်ကုန် ။ ။ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၏ ၂၀၁၄-၂၀၁၆ ဆဌမသက်တမ်းအတွက် အလုပ်အမှုဆောင်များ ရွေးချယ်တင်မြောက်ပွဲနှင့် (၁၅) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို အကြောင်းမညီညွတ်၍ ရက်ရွေ့ဆိုင်းလိုက်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က ပြောကြားခဲ့သည်။
၎င်းနှစ်ပတ်လည်အစည်းအဝေးနှင့် ရွေးချယ်တင်မြောက်ပွဲကို ၂၀၁၄ခုနှစ် မတ်လ ၈ ရက်နေ့တွင်ကျင်းပရန် ယခင်က စီစဉ်ဆောင်ရွက်ထားသော်လည်း အကြောင်းအမျိုးမျိုး၊ အခြေအနေအမျိုးမျိုးကြောင့်ရွေ့ဆိုင်းခဲ့ရကြောင်း သိရသည်။
“ကျွန်တော်တို့မှာအခက်အခဲလေးတွေရှိနေပါတယ်။ အမှုဆောင်ရွေးချယ်ဖို့ကလည်း ရွေးမှာက ၅၅ ယောက်ပဲ အခုရှိနေတာက ၈၃ ယောက်ဖြစ်နေတယ်။ ကျွန်တော်တို့လည်းရွေးရခက်နေတာပဲ။ ဥက္ကဌနေရာလည်းအဲလိုပဲ များနေတယ်။ သေချာစိစစ်ပြီးမှ ရွေးချယ်သွားမှာပါ။ လူရွေးဖို့ကလည်း လွယ်တဲ့အလုပ်မဟုတ်ပါဘူး၊ တာဝန်ကြီးပါတယ်” ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒေါက်တာ သန်းလှ က ပြောကြားခဲ့ပါသည်။
အလုပ်အမှုဆောင်ရွေးချယ်တင်မြောက်ပွံနှင့် နှစ်ပတ်လည်အစည်းအဝေးကျင်းပမည့်ရက်ရွေ့ဆိုင်းခြင်းကို အချိန်အကန့်အသတ်မရှိရွေ့ဆိုင်းထားပြီး ကျင်းပမည့်နေ့ရက်ကို အတည်ပြုသတ်မှတ်ပြီးမှသာ ကြေငြာမည်ဖြစ်ကြောင်း သိရပါသည်။
Comments