မတ် ၈၊ ၂၀၁၄
M-Media
လမင်း

ရန်ကုန် ။ ။ မတ်လ ၈ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ရန်ကုန်မြို့ အမေရိကန်စင်တာ၌ ဟောပြော ဆွေးနွေး ခဲ့ကြရာ အမျိုးသမီးတွေမပါပဲ ငြိမ်းချမ်းရေးအလုပ်တွေကို လုပ်နေတယ်ဆိုတာ ပြည့်စုံမှုမရှိပါဘူးလို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါ်ဇာတလဲမ်း ကပြောကြားခဲ့သည်။
“အမျိုးသမီးတွေကို လွပ်လတ်ခွင့်ပေးရမယ်။ အမှန်တရားကိုပြောဆိုရဲတဲ့သတ္တိရှိရမယ်။ အမျိုးသမီးတွေဟာ မြန်မာမှာ ၅၁ % ရှိပါတယ်။ လွှတ်တော်ထဲမှာ ဆိုရင် အမျိုးသမီးဦးရေဟာ ၇.၄ ပဲရှိတယ်။ အရမ်းကိုအားနည်းနေပါတယ်။ တိုင်းပြည်ရဲ့အရေးတွေမှာ အမျိုးသမီးတွေပါဝင်သင့်တယ်လို့ ကျွန်မထင်မိ ပါတယ်။ နိုင်ငံရေးဆိုတာကို ယောင်္ကျားလေးတွေကပဲလုပ်တာမျိုးမဟုတ်ပဲ မိန်းကလေးတွေကပါ နိုင်ငံရေးကိုလုပ်ရဲတဲ့သတ္တိမျိုးရှိဖို့လိုအပ်ပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။
အမျိုးသမီးအများစုသည် ယခုခေတ်အချိန်အခါတွင် ခွဲခြားဆက်ဆံခံနေရပြီး ယောင်္ကျားအများစု၏အထင်အမြင်သေးခြင်းကိုခံနေ ရကြောင်း အမျိုးသမီး အခွင့်အရေးမှာ အမျိုးသားများထက်စာရင် နိမ့်ကျနေကြောင်း၊ အရည်ချင်းရှိတဲ့အမျိုးသမီးအများစုမှာ အကြောင်းအမျိုးမျိုးကြောင့် ကွယ်ပျောက်နေရ ကြောင်း၊ အမျိုးသမီးတွေဟာ မိမိကိုယ်ကိုမြှင့်တင်ပြီး မိမိကိုယ်ပိုင်အချိန်များကို မိမိကိုယ်တိုင်ကောင်းစွာခွဲခြားဝေဖန်နိုင်စွမ်းရှိအောင် ပြုလုပ်ရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းလွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဒေါ်ညိုညိုသင်း ကဟောပြော ဆွေးနွေးခဲ့သည်။
တိုင်းပြည်ကိုအကျိုးပြုစေသော အမျိုးသမီးအများစုကိုထွက်ပေါ်လာခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း၊ လူငယ်အမျိုးသမီးများအနေနှင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်အ၀ထားပြီး ကြိုးစားလုပ်ဆောင်သွားရန်လိုအပ်ကြောင်း၊ အရည်ချင်းရှိတဲ့အမျိုးသမီးကောင်းတွေများစွာထွက်ပေါ်လာနိုင်ကြောင်း တို့ဒေါက်တာ ဒေါ်ယဉ်ယဉ်နွယ် နှင့် စာရေးဆရာမ ဒေါ်ခင်မမမျိုးတို့က ဆွေးနွေးခဲ့ကြသည်။
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ၁၉၇၅ ခုနှစ်ကတည်းကစတင်ကျင်းပခဲ့ကြပြီး ၂၀၁၄ ခုနှစ်တွင်လည်း မြန်မာနိုင်ငံအနှံ့အပြား၌ အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားများကို အမျိုးသမီးထုအတွက် စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြသည်။
Photo : INTERNATIONAL WOMEN DAY
Comments