မတ် ၈၊ ၂၀၁၄
M-Media
လမင်း
ရန်ကုန် ။ ။ ရန်ကုန်မြို့တော်တွင် လူစည်ကားရာနေရာတစ်ခုဖြစ်သည့် ဆူးလေဘုရားအနီးမြို့တော်ခန်းမရှေ့တွင် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ယာယီ)မှ ဦးဆောင်၍ အလုပ်သမားများနစ်နာမှုအတွက် မတ်လ ၉-ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်တွင် ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။
“အလုပ်ရှင်တွေက အလုပ်သမားတွေအကြောင်းပြချက်မရှိပဲနဲ့ အလုပ်ထုတ်ကြတယ်။ လုပ်ခလစာတွေလည်း အလုပ်သမားတွေတော်တော်များများမှာ အခက်အခဲဖြစ်နေကြတယ်။ အလုပ်သမားခေါင်းဆောင်တွေကိုလည်း အကြောင်းပြချက်မရှိပဲ အလုပ်ထုတ်တယ်။ ဥပဒေအရ အရေးယူမှုတွေလည်း မရှိဘူး။ ဥပေဒချိုးဖောက်မှုတွေကိုလည်း ထိရောစည်က်စွာအရေးယူမှုမရှိပါဘူး။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အခုလို ပြည်သူတွေသိအောင် ဆန္ဒဖော်ထုတ်သွားမှာဖြစ်ပါတယ်” ဟု အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(ယာယီ) ဥက္ကဌ ဦးအောင်လင်း ကပြောကြားခဲ့သည်။
လူအင်အား ၂၀၀ ဖြင့်ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ပြီး ကျောက်တံတားရဲစခန်းမှလည်း ခွင့်ပြုမိန့်ရထားပြီးဖြစ်ကြောင်းသိရသည်။ မဟာဗန္ဒုလပန်းခြံကို ကြွေးကြော်သံများဖြင့် လှည့်ပတ်သွားမည်ဖြစ်ပြီး တောင်းဆိုချက် ၄ ချက်ကိုလည်းတောင်းဆိုသွားမည်ဖြစ်ကြောင်းလည်းသိရသည်။
အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(ယာယီ) ဥက္ကဌ ဦးအောင်လင်း၊ ဒဂုံတက္ကသိုလ် ဆရာများအသင်းဥက္ကဌ ဒေါက်တာအာကာမိုးသူ၊ တရားလွှတ်တော်ချုပ် ရှေ့နေ ဦးအောင်သူရိန်ထွန်း၊ ဦးသက်နှင်းအောင်၊ အလုပ်သမားရေးလှုပ်ရှားသူ ဦးနော်အောင် တို့မှဦးဆောင်၍ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။
Comments