6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၈ ၊ ၂၀၁၄
M-Media

wGx_PYr-360
– ယူကရိန်းနိုင်ငံ ခရိုင်းမီးယားဒေသ၏ ခွဲထွက်မှုကို ထောက်ခံသည်ဟု ရုရှားနိုင်ငံက ကြေညာလိုက်ပြီး၊ ခရိုင်းမီးယား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ ကိုယ်စားလှယ်အဖွဲ့ ရုရှားသို့ လာရောက်ပါက ကြိုဆိုသွားမည်ဟုဆိုသည်။

ရုရှား အထက်လွှတ်တော်ဥက္ကဌ ဗာလစ်တာ မတ်ဗီယန်ကိုက ခရိုင်းမီးယားဒေသအား ကြိုဆိုမည်ဖြစ်ပြီး မတ်လ ၁၆ ရက်နေ့ တွင်ပြုလုပ်မည့် ပြည်သူ့ဆန္ဒခံယူပွဲတွင် ရုရှားနှင့်ပေါင်းစည်းရေး ဆုံးဖြတ်ခဲ့ပါက ရုရှားရှိ ပြည်နယ်များ အတိုင်း အခွင့်အရေးများကို တန်းတူပေးသွားမည်ဟု ခရိုင်းမီးယား ပါလီမန် ဥက္ကဌ ဗလာဒီမာ ကွန်စတန်တီနော့ဗ်ကို အခိုင်အမာ ပြောကြားခဲ့သည်။ ထို့ပြင် ရုရှားအောက်လွှတ်တော် ဥက္ကဌ ကလည်း မတ်ဗီယန်၏ ပြောကြားမှုကို ထောက်ခံခဲ့ပြီး ခရိုင်းမီးယားပြည်သူ လူထု၏ သမိုင်းဝင်ရွေးချယ်မှုကို ရုရှားက လေးစားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းဝန်ကြီးချုပ် က်ဆန်ယွတ်က ခရိုင်းမီးယား အခြေအနေနှင့် ပတ်သက်၍ ရုရှားနှင့် ဆွေးနွေးရန် အသင့်ရှိကြောင်း၊ သို့ရာတွင် ခရိုင်းမီးယားရှိ ရုရှားစစ်တပ်များအား ပြန်လည် ရုပ်သိမ်းပေးခြင်းနှင့် အကြမ်းဖက် ခွဲထွက်ရေးသမားများအား ထောက်ပံ့ပေးမှုကို ရပ်တန့်ခြင်းတို့ကို လုပ်ဆာင် ရမည်ဖြစ်ကြောင်းစောစောပိုင်းကပြောကြားခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့ဗ်ကလည်း ယူကရိန်းအပေါ် အရေးယူမူ၊ ပိတ်ဆို့မှုများ အလျင်အမြန်ပြုလုပ်မည်ဟု အမေရိန်ကန်နိုင်ငံခြားရေး ၀န်ကြီးနှင့် တယ်လီဖုန်းပြောဆိုမှုတွင် သတိပေးထားပြီး၊ ထိုအချင်းအရာက စစ်အေးကာလနောက်ပိုင်း အရှေ့-အနောက် အကြီးမားဆုံး ပြဿနာဖြစ်လာမည်ဖြစ်သည်။ ယမန်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါ တယ်လီဖုန်းပြောဆိုမှု အတွင်း ပဲရစ်နှင့် ရောမ ဆွေးနွေးမှုများတွင် သဘောတူညီချက် မရခဲ့ခြင်းနှင့် ပတ်သက်၍ ၎င်းတို့နှစ်ဦးမှာ သုံးသပ်ခဲ့ကြပြီး ယူကရိန်းအရေး မည်ကဲ့သို့ဖြေရှင်းမည်ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ဂျွန်ကယ်ရီမှာ ရုရှားဝန်ကြီးချုပ် လာဗရော့နှင့် ယမန်နေ့က စကားပြောခဲ့ကြောင်းကို အမေရိကန်ကလည်း အတည်ပြုခဲ့ပြီး သမ္မတ ဘာရက် အိုဘားမားကလည်း ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ၁ နာရီခန့် ဖုန်းဖြင့် ဆွေးနွေးခဲ့ကြသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
Al Jazeera and agencies

Tags:

Leave a Reply