News @ M-Media

တရုတ်-မြန်မာ ချစ်ကြည်ရေး အဖြစ် အလင်းရောင် ဖောင်ဒေးရှင်းသို့ ဆေးကုသရေး ယာဉ်လှူဒါန်း

မတ် ၁၃၊ ၂၀၁၄
M-Media
လမင်း

ရန်ကုန် ။       ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေရှင်း မှ ပြည်ထောင်စုမြန်မာနိုင်ငံတော် အလင်းရောင် ဖောင်ဒေးရှင်းသို့ ဆေး ကုသရေးသုံး ယာဉ်လှူဒါန်းပွဲ အခမ်းအနားကို မတ်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီတွင် မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံရှိ အပြည်ပြည်ဆိုင်ရာ မျက်စိကုသရေး ဌာန၌ ပြုလုပ်ခဲ့သည်။

ပထမဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဖောင်ဒေးရှင်းမှ ဒုတိယ ညွန်ကြားရေးမှူးချုပ် Mr.Ji Ping မှ အမှာစကား ပြောကြားခဲ့သည်။” အခုလို တရုတ်နိုင်ငံကနေ မြန်မာပြည်နဲ့ ချစ်ကြည်ရေးအတွက် လာရောက် လှူဒါန်းတဲ့ အတွက် အရမ်းကိုကျေးဇူး တင်မိပါတယ်။ အခုဆိုတောရွာတွေကိုပါ အလွယ်တကူ သွားရောက်နိုင်တော့မှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံအလင်းရောင်ဖောင်ဒေရှင်း ဥက္ကဌ ဒေါက်တာစိုးမင်းက ပြောခဲ့သည်။

ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယ၀န်ကြီး Mr.Li Jinjim မှရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်ဆွေအား မော်တော်ယာဉ် နှင့် ပတ်သက်သည့် ကားသော့နှင့် စာရွက်စာတမ်းများကို ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် ၎င်းတို့မှ မော်တော်ယာဉ်များအား အမွေးနံ့သာများဖြင့် ပတ်ဖျန်းခဲ့ကြသည်။

အလင်းရောင်ဖောင်ဒေးရှင်းကို ၂၀၁၃ တွင်စတင်တည်ထောင်ခဲ့ပြီး မျက်စိကို အထူးခွဲစိတ်သော ဖောင်ဒေးရှင်းတစ်ခု ဖြစ်သည်။ အလင်းရောင် ဖောင်ဒေးရှင်းသည် လူနာပေါင်း ၂၀၀၀ကျော်ကိုစပ်းသပ်ပြီးလျက်ရှိပြီး လူနာပေါင်း ၂၆၀၀ ကျော်ကိုခွဲစိတ်ကုသပြီးလျက်ရှိကြောင်း သိရသည်။

Comments

Leave a Reply