6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၁၈၊ ၂၀၁၄
M-Media
Flight_370_Route_Map_Wide
– မတ်လ ၈ ရက်နေ့ကတည်းက ပျောက်သွားခဲ့သည့် မလေးရှားလေယာဉ်မှာ ဆက်သွယ်မှု ပြတ်တောက်သွားပြီးနောက်ပိုင်း အနောက်ဘက် စူးစူးသို့ ပြန်လှည့်သွားသည်ဟု ယုံကြည်ရသည့် ရေဒါ လမ်းကြောင်းတစ်ခုကို ထိုင်းနိုင်ငံမှ ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

ကွာလာလမ်ပူမှ ဘေဂျင်းသို့ ပျံသန်းသွားပြီး ဗီယက်နမ်နယ်စပ်တွင် အဆက်အသွယ် ပြတ်တောက်သွားပြီးနောက် အဆိုပါလေယာဉ်၏ ပုံမှန်လမ်းကြောင်းအား ထိုင်းစစ်တပ်မှ လက်ခံရရှိခဲ့သည်။ ထို့နောက် ၆ မိနစ်အကြာတွင် ထိုင်းစစ်တပ်ရေဒါ၌ အမည်မသိ အရာတစ်ခု ပျံသန်းနေကြောင်း တွေ့ရှိခဲ့ရသည်ဟု ထိုင်းတော်ဝင်လေတပ်မှ အရာရှိတစ်ဦးက CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။

ပျောက်ဆုံးသွားသော  မလေးလေယာဉ်ဖြစ်နိုင်သည့် အဆိုပါ လေယာဉ်မှာ မူလလမ်းကြောင်းနှင့် ဆန့်ကျင်ဘက် အနောက်စူးစူးသို့ ပျံသန်းသွားသည်ဟု ၎င်းကဆိုသည်။ ယခုအချိန်အထိ ရရှိထားသော အထောက်အထားများအရ ထိုလေယာဉ်မှာ ရည်ရွယ်ချက်ရှိရှိ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး မလေး ကျွန်းဆွယ်ကိုဖြတ်ကာ အိန္ဒိယ သမုဒ္ဒရာသို့ ပျံသန်းသွားသည်ဟု မလေးရှားအစိုးရကဆိုသည်။ ထိုင်းစစ်တပ်ရေဒါ၏ ဖမ်းယူနိုင်စွမ်း အကန့်အသတ်ကြောင့် အတိအကျ ဖမ်းယူနိုင်ခြင်း မရှိကြောင်း လေတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထိုင်းစစ်တပ်ရေဒါမှ ရရှိသည့် အထောက်အထားမှာ လေယာဉ် လမ်းကြောင်းပြောင်းကာ ပျံသန်းသွားသည်ဟု ယူဆရသည့် ဒုတိယမြောက် အထောက်အထားဖြစ်ပြီး၊ မလေးရှားလေတပ်ကလည်း လေယာဉ်မှာ မာလကာကို ဦးတည်၍ Pulau Perak ကျွန်းစု သို့ ဖြတ်ပျံသွားသည့် ရေဒါလ မ်းအထောက်အထား တစ်ခုကိုယခင်က တွေ့ရှိထားသည်။

Tags:

Leave a Reply