6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဗြိတိန်တွင်မြင့်မားသော လုပ်ခလစာ ဖြင့် အလုပ်လုပ်ရန် ရောက်ရှိလာကြသော နိုင်ငံခြားအလုပ်သမားများမှာ ဗြိတိန်ရှိ လုပ်ငန်းခွင်များတွင်
မှန်းချက်နှင့် နှမ်းထွက်မကိုက် သည့်  အဖြစ်မျိုးနှင့် ယခုအခါ တွင် ကြုံတွေ့နေ ရပြီဖြစ် သည်။ သည်ဆန်း သတင်းစာက ဗြိတိန်ရောက် နိုင်ငံခြား
အလုပ် သမားများသည် ရုပ်ပိုင်း၊စိတ်ပိုင်း၊ နှင့် လိင်မှု စော်ကားမှုများ ရင်ဆိုင်ကြုံ တွေ့ နေကြောင်း ၊ ရေးသား ဖေါ်ပြ လိုက်သည့် အ ပြင် ဗြိတိန်
ချယ်နယ် ၄ ရုပ်သံမှလည်း  နိုင်ငံခြား အလုပ်သမား ၁၅၀၀၀၀ ခန့်မှာ ခေတ်သစ် ကျေးကျွန်များသဖွယ် အလုပ်ရှင်၊ အိမ်ရှင်များက သောခတ်ပိတ်လှောင်ခြင်း၊
နေ့စဉ်ပိတ်ရက်မရှိ နာရီ ၂၀ခန်အလုပ်စေခိုင်းခံနေရသည် ဟု ထုတ်လွင့်ပြသခဲ့ ပါ သည်။

ဗြိတိန်ရှိ ရွှေ့ပြောင်း အလုပ်သမားများ အရေးဆောင်ရွက်ပေးနေသော
Kalayaan အဖွဲ့တွင် မှတ်ပုံတင် ထားသူအလုပ်သမား ၃၅၀အနက် ၂၀% ခန့်မှာအလုပ်ရှင် အိမ်ရှင်တို့၏ အရေပြားအား မီးပူဖြင်ကပ်ခြင်း၊ ဓါးဖြင့် မွန်းခြင်း၊ ရေးနွေးပူဖြင့်ပတ်ခြင်း၊ အပါဝင် ရုပ်ပိုင်းဆိုင်ရာနှိပ်စက်မှုများ ကြုံတွေ့ခဲ့ရကြောင်း ဂါးဒီယန်းသတင်းစာတွင် ဖေါ်ပြခဲ့သည်။ ဗြိတိန်ရှိ နိုင်ငံခြား အလုပ်သမား များသုံးပုံနှစ်ပုံ ခန့်မှာ အပြင်ထွက်လျှင် အလုပ်ရှင်များက စောင့်ကြည့်ခြင်း၊ သီတင်း တစ်ပတ်တွင် ပေါင်၅၀ပြည်အောင် မရရှိခြင်း၊ ပိတ်ရက်မရှိ အတင်းအကျပ် အလုပ် စေခိုင်းခံရခြင်းများ ကြုံတွေ့ နေရသည်။

နိုင်ငံတကာကျေးကျွန် တိုက်ဖျက်ရေး အဖွဲ့ကလည်း နိုင်ငံခြားအလုပ် သမားများ ၏ ပတ်စ်ပိုစ် အသိမ်းခံရမှု ၊ လစာ အပြည့် အ၀ မရရှိမှု၊အလုပ်သမားများ၏ သွားရေးလာရေးကို ကန့်သတ် ချုပ်ချယ်မှုများ ရင်ဆိုင်နေရကြောင်း ဆိုသည်။ ..ဗြိတိန်မှာဒီလို အဖြစ်အပျက်တွေ ဘယ်လောက်ဖြစ်နေပြီလဲဆိုတာကိုတော့ တိတိကျကျ မစုံစမ်းရသေးပါဘူး ..ဒါပေမဲ့ အလုပ်ကနေထွက်ပြေးလာသူ ရာကျော်လောက်က ရဲတပ်ဖွဲဆီ တိုင်တန်းခဲ့ကြပါတယ် ဟု အလုပ်သမားအရေးဆောင်ရွက်ပေးနေသူများက ပြောဆိုသည်။ လုပ်ငန်ခွင် အခြေနေဆိုးဝါးမှုများကို ရင်ဆိုင်ခဲ့ရသူ နိုင်ငံခြား အလုပ်သမား များသည်လည်း အလုပ်ခွင်မှ ထွက်ပြေးမှု များပြား လာနေသည်။ Metropolitan
ရဲတပ်ဖွဲ့အကြီးကဲက ဗြိတိန်ရောက် နိုင်ငံခြား အလုပ်သမား များနှင့် ပတ်သက်ပြီး  ပြောကြားရမှာ ….ကျွန်တော်တို့ဆီမှာ ဒီအမှုအခင်းတွေ ၁၀ခုလောက်ကို ရှိနေပါတယ်
မီးဖိုဆောင်မှာ ကြိုးတုပ်ပိတ် လှောင်ခံနေရသူတွေ၊ မစိုမပို့ လစာနဲ့ပိတ်ရက်မရှိ အလုပ်လုပ်နေရသူတွေ၊ က လာရောက်တိုင်တန်းကြပါတယ်၊ အလုပ်ရှင်ရဲ့
စွန်ပစ်အမှိုက်တွေ ကို အတင်းစားခိုင်းတာခံရသူတွေရှိသလို အဓ္ဒမပြုကျင်ခံရတဲ့  အမျိုးသမီး အလုပ်သမ တချို့တောင်ရှိနေပါတယ် ဟု လာရောက်တိုင်တန်းသူများ အကြောင်းကို ပြောပြခဲ့သည်။ press tv
Tags:

Leave a Reply