6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၂၆၊ ၂၀၁၄
M-Media

– မတ်လ ၈ ရက်နေ့က ပျောက်ဆုံးသွားခဲ့သည့် မလေးရှားလေကြောင်းလိုင်းတွင် လိုက်ပါသွားသည့် တရုတ်နိုင်ငံသားများ၏ ဆွေးမျိုးများက ဘေဂျင်းရှိ မလေးရှားသံရုံးရှေ့တွင် မန်နေ့က ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

rtr3ig0o.si

ပျောက်ဆုံးသွားသည့် MH 370 လေယာဉ်မှာ အိန္ဒိယသမုဒ္ဒရာထဲသို့ ပျက်ကျခဲ့သည်ဟု မတ်လ ၂၄ ရက်နေ့က မလေးရှားအစိုးရက သတင်းထုတ်ပြန်ခဲ့ပြီးနောက် ထိုလေယာဉ်ပေါ်လိုက်ပါသွားကြသည့် တရုတ်နိုင်ငံသားများ၏ မိသားစုနှင့် ဆွေမျိုး ၂၀၀ ခန့်က မလေးရှားသံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

၎င်းတို့မှာ မလေးရှားလေယာဉ်ပျက်ကျသွားခဲ့သည့် အကြောင်းအရင်းကို ဖြေကြားပေးရန် တောင်းဆိုခဲ့ကြပြီး သံရုံအားစောင့်ကြပ်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်လည်း အချိန်အနည်းငယ်ကြာ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ကြသည်။

လေယာဉ်မှာပျက်ကျခဲ့ပြီး လေယာဉ်ပေါ် လိုက်ပါသွားသည့် ခရီးသည်နှင့် လေယာဉ်အမှုထမ်း ၂၃၉ ဦးမှာ သေဆုံးခဲ့ပြီဟု မလေးရှားဝန်ကြီးချုပ် နာဂျစ်ကပြောကြားခဲ့သော်လည်း လေယာဉ်ပျက်ကြရသည့် ခိုင်လုံသော သက်သေအထောက်အထား မပြနိုင်သောကြောင့် မလေးရှားအစိုးရမှာ ဝေဖန်ပြစ်တင်မှုကို ခံနေရသည်။

ကျန်ရစ်သူမိသားစုများကမူ မလေးရှားအစိုးရမှာ သတင်းအချက်အလက်များ ဖုံးကွယ်ထားကာ၊ ခရီးသည်များ၏ မိသားစုများအား လိမ်လည်ခဲ့ပြီး ရှာဖွေရေးလုပ်ငန်းများတွင် အချိန်များ ဖြုန်းတီးခဲ့သည်ဟု စွပ်စွဲပြောဆိုခဲ့သည်။

မလေးရှားလေကြောင်းလိုင်းကမူ သေဆုံးသွားပြီဟု ယူဆရသည့် ခရီးသည်များအားလုံးအတွက် ထိုက်တန်သည့် ထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမည်ဟု ပြောဆိုထားသည်။

Photo-(Reuters / Kim Kyung Hoon)
Ref: Agencies

Tags:

Leave a Reply