6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ်- ၂၇၊ ၂၀၁၄
M-Media
ဇာဏီ

၂၀၁၄-သန်းခေါင်စာရင်း ကောက်ယူရာတွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာရှိ အစ္စလာမ်ဘာသာဝင် ကမန်လူမျိုးများအား ဘင်္ဂါလီဟုသာ ဖြည့်စွက်ရမည်ဟု အမိန့်ပေး ခြိမ်းခြောက်မှုများရှိနေသည်ဟုသိရသည်။

Kyauk-Ni-Mor-Village

ကျောက်နီမော် ကျေးရွာ- (Photo Credit=>Narinjara)

ကျောက်နီမော် တိုက်နယ် လ၀ကဦးစီးမှူး လ.ဝ.က ဦးကျော်ကျော်အောင်၊ အထူးပိတ်ဆို့ရေး အဖွဲ့ မှ ဧည့်သည် လ.ဝ.က (အရာရှိ) တစ်ဦး၊ ကျောက်နီမော်ကျေးရွာ အုပ်ချူပ်ရေးမှူး ဦးမြင့်လှိုင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး စာရေးဇော်မင်းနိုင်တို့သည် မတ်လ ၂၃-ရက်နေ့က ကျောက်နီမော်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ ကမန် ရပ်မိရပ်ဖများအား သန်ခေါင်စာရင်းကိစ္စ ခေါ်ယူတွေ့ ဆုံရာတွင် ဦးကျော်ကျော်အောင်မှ ခရို်င်ဦးစီးမှူး၏ အမိန့်ဟုဆိုကာ သန်ခေါင်စာရင်း မေးခွန်း အမှတ်-၇ (ကိုးကွယ်သည့် ဘာသာ)နှင့် အမှတ်-၈ (လူမျိုး)နေရာတွင် မည်သည့်လူမျိုးမှ မဖြည့်စွက်ရန်၊ ဖြည့်စွက်မည်ဆိုပါက ဘင်္ဂါလီဟုသာ ဖြည့်စွက်ရန်၊ ယခုအမိန့်အား နာခံခြင်းမရှိဘဲ အခြားလူမျိုး အမည်တစ်စုံတစ်ရာ ဖြည့်စွက်ရေးသားပါက ကျေးရွာ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး အစရှိသည့် အရေးပေါင်းစုံတွင် ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သိရသည်။။

၎င်းအမိန့်ကို ရွာသူရွာသားများအား အသိပေးရှင်းပြပြီး မတ်လ ၂၈-ရက် နေ့လည် ၂-နာရီတွင် လက်ခံ သဘောတူကြောင်း လက်မှတ်ရေးထိုး အကြောင်းပြန်ရမည်ဟု ရပ်မိရပ်ဖများအားဥပဒေမဲ့ ခြိမ်းခြောက်ခဲ့သည်။ ယခု မှာကြားသည့်အတိုင်း သဘောတူလက်ခံကြောင်း လက်မှတ်မထိုးပါက ရှေ့ဆက်ဖြစ်ပေါ်လာမည့် ပြဿနာများနှင့်ပတ်သက်ပြီး အာဏာပိုင်များမှ တာဝန်ယူဆောင်ရွက်ပေးမည် မဟုတ်ကြောင်း ပြောဆိုခဲ့ကြောင်း သိရပါတယ်။

အဆိုပါ အကြောင်းအရာနှင့်စပ်လျဉ်း၍ ကျောက်နီမော်သို့ ဆက်သွယ်စုံစမ်းရာ “၂၃-ရက်နေ့က ခရိုင်အုပ်ချုပ်ရေးမှူးရယ်။ ခရိုင်ရဲမှူးပါမယ်။ ခရိုင်လ၀ကမှူးပါပြီးတော့ လူမျိုးနဲ့ဘာသာဆိုတဲ့ အချက်ကို မဖြည့်နဲ့ဆိုပြီး တော့ ရပ်မိ ရပ်ဖတွေကိုခေါ်ပြီးတော့ ပြောတယ်။ ဖြည့်လိုက်ခြင်းအားဖြင့် ပြဿနာဖြစ်လာနိုင်တယ်။ ဥပမာ- ကမန်လူမျိုးတွေက ကမန်လို့ ဖြည့်လိုက်ရင် ရခိုင်တွေက ပြဿနာလုပ်မယ်။ ဒါအတွက် ကမန်မဖြည့်ပါနဲ့လို့ ပြည်သူလူထုကို ပြောပေးပါ။ အဲဒီလို သူတို့က လာပြောတယ်။ ကျွန်တော်တို့ ကမန်လူထုကို ချပြရင် ကမန်လူထုက ကန့်ကွက်ခံရ မယ်လေ။ အဲတော့ ကျွန်တော်တို့က လူထုကိုပြောတယ်။ လူထုက မလိုက်နာဘူးလို့ ကျွန်တော်တို့က သူတို့ကို ပြောတဲ့အခါကျ သူတို့က ကျွန်တော်တို့ရွာ ကောင်းကျိုး ဘာမှမလုပ်ပေးဘူး။ ရွာဖွံ့ဖြိုးဖို့ ဘာမှမလုပ်ပေးဘူးလို့ အကြပ်ကိုင်တယ်။ ဘာအကူအညီမှလည်း မပေးဘူးဆိုပြီး ရပ်မိရပ်ဖတွေကို ခြိမ်းခြောက်တယ်။

မနေ့က ၂၆-ရက်နေ့ ၁၀-နာရီခွဲလောက်မှာ ဦးကျော်ကျော်အောင်က ရပ်မိရပ်ဖတွေကို ပြန်ခေါ်တယ်။ ခေါ်ပြီးတော့ သူတို့က ၁၁-နာရီခွဲ နောက်ဆုံးထားပြီးတော့ ပြည်နယ်တွေကို အကြောင်းကြားရမယ်။ ပထမ တစ်ခုက သန်းခေါင်စာရင်းစာရွက်ပေါ်မှာ လူမျိုးမဖြည့်နဲ့လို့ပြောတယ်။ ပထမတစ်ချက်က သူတို့က လူမျိုးနဲ့ ဘာသာဆိုတဲ့နေရာမှာ ကွက်လပ်ထားရမယ်။ ဒုတိယ တစ်ချက်က နိုင်ငံသားစိစစ်ရေးကတ်ရှိတဲ့လူကို ကမန်လူမျိုးလို့ ထည့်မယ်။ မရှိတဲ့လူကို ဘင်္ဂါလီလို့ ထည့်မယ်လို့ ပြောတယ်။ ဒါကို မလိုက်နာဘူးဆိုရင် သူတို့က သန်းခေါင်စာရင်းကို လာမကောက်ဘူး။ ပြီးတော့ မင်းတို့ဒေသကို မည့်သည့် အကူအညီမှ မပေးဘူး။ ဘာဖွံ့ဖြိုးမှုမှ မလုပ်ပေးဘူးဆိုပြီး ဒီလိုခြိမ်းခြောက်တယ်။

ဒီလိုခြိမ်းခြောက်တဲ့အခါ ကျွန်တော်တို့ ဒေသခံတွေက လူတိုင်းဟာ ဒီလိုတော့ မဟုတ်ပါဘူး။ လူတိုင်းဟာ အပြစ်ပေးထိုက်သူ မဟုတ်ပါဘူး။ ဒေသဆိုင်ရာ ရပ်မိရပ်ဖတွေက အုပ်ချုပ်နေတယ်။ အုပ်ချုပ်နေတဲ့အခါ စိတ်ဝမ်းကွဲမှုတွေ ဖြစ်နေတယ်။ ငါတို့ကို ဘာမှ မကူညီပေးဘူးဆိုပြီးပြောနေတယ်။ အခု သူတို့ အခက်အခဲကြုံနေကြတယ်။ တစ်နေရာနဲ့ တစ်နေရာ လွတ်လွတ်လပ်လပ် မသွားရဘူး။ ဆေးဝါးကုသမှု မရဘူး။ ခုလိုထပ်ပြီး ခြိမ်းခြောက်လာတဲ့အခါ ဒေသခံကမန်တွေက ပညာတတ်တွေဖြစ်နေတယ်။ သူတို့အလိုကျကို ပညာမဲ့တဲ့သူတွေက လိုက်လျောဖို့ ဖြည့်ချင်တဲ့ သူလဲရှိတယ်။ မဖြည့်ချင်တဲ့သူတွေလည်း ရှိတယ်။

နိုင်ငံသား စိစစ်ရေးကတ်ပြား ရှိတယ်ဆိုရင် နိုင်ငံသား စိစစ်ရေး ကတ်ပြားကို ပြရမယ်။ အခု ကျွန်တော်တို့ ဒေသမှာ ဖြစ်နေတာက မိဘနှစ်ပါးမှာ စိစစ်ရေးကတ်ပြား ရှိနေတယ်။ သားသမီးမှာ မရသေးဘူး။ လျှောက်ထားတယ်။ ကျွန်တော်တို့ဆိုရင် အမေမှာရှိတယ်။ အဖေမှာရှိတယ်။ ကျွန်တော့်မှာရှိတယ်။ ကျွန်တော်ညီမ တစ်ယောက်မှာရှိတယ်။ ကျွန်တော့် ညီတစ်ယောက်နဲ့ ညီမတစ်ယောက်မှာ မရှိသေးဘူး။ ဒီတော့ ကျွန်တော်တို့က ကမန်ဖြစ်ပြီးတော့ သူတို့နှစ်ယောက်က ဘင်္ဂါလီဖြစ်သွားဖို့ရှိတယ်။ ဒါနဲ့ ကျွန်တော်တို့က တိုင်ကြားတယ်။ ဒီတော့ သူတို့က နောက်မှပြန်လျှောက်တဲ့။

သန်းခေါင်စာရင်းကောက်တဲ့အခါမှာ နိုင်ငံသားစိစစ်ရေး ကဒ်ပြားကို ပြရမယ်ဆိုတာမျိုးတော့ မပြောဘူး။ ဒေသမှာ နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ထားတဲ့အရေအတွက် ၆၀၀ နီးပါးရှိတယ်။ ၆၀၀ နီးပါးခန့်က ကမန်လို့ ဖြည့်ရမယ်။ မရှိတဲ့လူက ဘင်္ဂါလီလို့ ဖြည့်ရမယ်။ ဒီလို သတ်မှတ် ဖြည့်ရမယ်လို့ ပြောတာက စိစစ်ရေးကတ် ကိုင်ဆောင်ထားတဲ့ အရေအတွက်လောက်ပဲ ကမန်ထည့်နိုင်မယ်။ ဒီတော့ ကျွန်တော်ညီလဲ ဘင်္ဂါလီ ဖြစ်ရင်ဖြစ်သွားမယ်။

ကျွန်တော်တို့ ဘက်ကတော့ သူတို့ကို မနေ့က ပြောလိုက်တယ်။ ကျွန်တော်တို့ ရွာမှာရှိတဲ့သူတွေကို ကျွန်တော်တို့ နားလည်အောင် ပြောပြမယ်။ ၂၈ ရက်နေ့ ၂-နာရီ အချိန်မှာ ကျွန်တော်တို့ ဒေသခံတွေဆီက အဖြေတွေကိုယူ ပြီးတော့ အဖြေသိမယ်လို့ ကျွန်တော်တို့ဖြေလိုက်တယ်။” ကျောက်နီမော်ဒေသခံတစ်ဦးက ပြောပါတယ်။

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဥပဒေ တားမြစ်ချက်များ အခန်း(၅) ပုဒ်မ ၁၆(ဂ) ပါ “သန်းခေါင်စာရင်း ကောက်ယူသည့်အခါ မမှန်မကန်ဖြေဆိုစေရန် မေးခွန်း ဖြေဆိုသူအား တိုက်တွန်းခြင်း၊ ခြိမ်းခြောက်ခြင်း သို့မဟုတ် သွေးဆောင်ဖျားယောင်းခြင်း မပြုရ”ဟူသည့် ဥပဒေအား ပေါ်ပေါ်တင်တင် ကျူးလွန် ခြိမ်းခြောက်ခံနေရကြောင်းကို သက်ဆိုင်သူများအား သိရှိစေလိုကြောင်း ကျောက်နီမော်ကျေးရွာသားများက M-Media ကို ပြောကြားလာပါတယ်။

အလားတူ စစ်တွေမြို့အနီး မွတ်စလင် အများစု နေထိုင်ရာ ဘုမေရပ်ကွက်သို့ ပြည်နယ် ရဲတပ်ဖွဲ့မှူးနှင့် ပြည်နယ် လ၀ကမှူးအဖွဲ့တို့ လွန်ခဲ့သည့်(၃) ရက်ကရောက်ရှိလာပြီး သန်းခေါင်းစာရင်း ကောက်ယူသည့် အခါ ရိုဟင်ဂျာ အမည် ထည့်သွင်းခြင်း မပြုရန် တောင်းဆိုခဲ့သည့် သတင်းတပုဒ်ကို ဧရာဝတီသတင်းဌာမှာ ဖော်ပြထားတာကို တွေ့ရှိရပါသည်။

Leave a Reply