6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၂၉ ၊ ၂၀၁၄
M-Media
ရေးသူ- အဒမ်ခို

SG Census

စင်ကာပူမှာ လူဦးရေ နှင့် ပတ်သက်တဲ့ Population Census ကို ၁၀ နှစ် တကြိမ် လုပ်လေ့ ရှိရာမှာ ၂၀၀၀ ခုနှစ် က တကြိမ် ၊ ၂၀၁၀ ခုနှစ်က တကြိမ် လုပ်ပြီးသွားပါပြီ။

အောက်ပါ အချက်များကို အခြေခံပြီး ကောက်ယူသွားခဲ့ပါတယ်

Singapore Census of Population 2010

1: Demographic Characteristics, Education, Language and Religion Statistical Release

2: Households and Housing Statistical Release

3: Geographic Distribution and Transport

၂၀၁၀ ခုနှစ် က လုပ်သွားတဲ့ census မှာဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာကို အိမ်တိုင်းစေ့ လိုက်လံ ကောက်ယူခြင်းမျိုး မဟုတ်ဘဲ နိုင်ငံ အ၀န်း လူမျိုး စု တိုင်း ဆီမှိSelection ရွေးထားတဲ့ Family မိသားစု အချို့ကို သာ ဆက်သွယ်ပြီး အိမ်တိုင်ရာရောက် ဆက်သွယ်ကောက်ခံခဲ့ခြင်း ဖြစ်ပါတယ်။

ကျနော်နဲ့ ကျနော်၏ မိသားစု ၀င်များလည်း ထို ရွေးချယ်ခံရသည့် မိသားစု စာရင်းထဲ၌ ပါခဲ့ပြီး တစ်လ လောက်အရင် အိမ်ကို စာရောက် ရှိကာ ရွေးချယ်ခံရသည့် အကြောင်း အကြောင်းကြားစာရရှိခဲ့ပါသည်။

SG Census2ထို့နောက် ထိုစာပါ ညွှန်ကြားချက်အတိုင်း အစိုးရ၏ census website သို့ မိမိကိုယ်ပိုင် sing pass ဖြင့် log In  ၀င်ရောက်ပြီး မိမိသည် Census ကောက်ယူမှုကို ကူညီဖြေဆိုနိုင်ပါကြောင်း အတည်ပြု confirmation လုပ်ပေး၇ပါတယ် ၊( အကယ်၍ နိုင်ငံခြား ခရီးသွား စရာ ရှိပါက ၊ အခြား ခိုင်လုံသော အကြောင်းအကြားပြချက်ဖြင့် မအားလပ်ကြောင်း ပြောဆိုပြီး ပါဝင်မှုကို ငြင်းပယ် နိုင်ပါတယ် )

ထို့နောက် census department မှ တာဝန်ရှိ ပုဂ္ဂိုလ်မှ ကျနော်၏ မိုဘိုင်းဖုန်း ကို ဆက်သွယ်ပြီး census ကောက်ယူမည့် သူ အိမ်သို့ လာနိုင်မည့် အချိန်နှင့် ကျနော် တို့ မိသားစု အားလပ်မည့် အချိန်ကို ညှိနှိုင်းပြီး Timing Appointment လုပ်ပါသည်။

အကယ်၍များ Census question များကို ဖြေကြားသူများ ၏ ဖြေဆိုမှု အတိုင်း ထည့်သွင်းရေးချခြင်း မပြုလျှင် မေးခွန်း ၄၁ ခုကို ဆက်လက်ဖြေဆို စရာ မလိုတော့ဘဲ ၊ သန်းခေါင်စာရင်း လာကောက်သူအား ယဉ်ယဉ်ကျေးကျေး ပြန်ခိုင်းလိုက်ပါ ၊ (သင်၏ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် ဖြေကြားပိုင်ခွင့် ရွေးချယ် ပိုင်ခွင့် အတိုင်း ရဲရဲ ၀ံဝံ လုပ်လိုက်ပါ ) ။

ဖြေဆိုသူမရှိလျှင် သန်းခေါင်စာရင်း အစစ် အမှန်ကို မည်သည်နည်းနှင့်မျှ အောင်မြင်စွာ ရရှိနိုင်မည် မဟုတ်သည်ကို ကျနော်တို့ မမေ့ပါနှင့်။

အကြောင်းအမျိုးမျိုးကြောင့် ကျနော် မအားလပ်ပါက အချိန်ကို ထပ်မံရွှေ့ နိုင်ပါသည် ။ Hotline Number သို့ ဆက်သွယ်ခေါ်ယူပြီး Appointment change လိုက်ယုံဘဲ ဖြစ်ပါသည်။

ချိန်းဆိုထားသည့်နေ့ နှင့်အချိန်သို့ ရောက်သောအခါ census ကောက်ယူမည့် လူငယ်လေးသည် (freelance or part time ၀င်လုပ်ပေးသည့် တက္ကသိုလ် ကျောင်းသား လေးဖြစ်မည်ထင်ပါသည် ) အချိန်အတိအကျ ကျနော်၏ အိမ်သို့ ရောက်ရှိလာပါသည်။

သူ နှင့် အတူ census special device ( very similar like iPad or Samsusng pad 7 in ) တစ်ခုပါရှိလာပြီး ထို စက်အတွင်း ကျနော်၏ မိသားစု IC numbers ဖြင့် log in ၀င်ရောက်ပြီး system က မေးသော မေးခွန်းအားလုံးကို အပိုအလို မရှိမေးပြီး ၊ ကျနော်ဖြေဆိုလိုက်သော အဖြေများကို တခါတည်း key in လုပ်ပြီး၊ အကယ်၍ ဖြေဆိုသူမှ ဖြေဆိုနိုင်ခြင်း မရှိသော ၊ ဖြေဆိုခြင်စိတ်မရှိသော မေးခွန်းများကို NA ထည့်၍ မှတ်တမ်းရယူသွားပါသည်

အားလုံးဖြေဆိုပြီးနောက် မှန်ကန်ခြင်း ရှိမရှိ နောက်ဆုံး အနေနဲ့ ကျနော့်အား စက်၏ screen ၌ စစ်ဆေးခိုင်းပြီး တခါတည်း ကျနော်အရှေ့၌ Submit button ကို နှိပ်ပြီး အစိုးရ၏ Census database system အတွင်းသို့ သိမ်းဆည်းခိုင်းလိုက်ပါသည်။

နိဂုံးချုပ် အနေဖြင့် ပြောရလျှင် ကမ္ဘာ့ မည်သည့် နိုင်ငံတွင်မဆို National Census ကောက်ယူမှုသည် အစိုးရ တစ်ဘက်ထဲ လုပ်လို့ ရသည့် ကိစ္စ မဟုတ်ပါ ။ census ကို ဖြေကြားပေးမည့် နိုင်ငံအတွင်း နေထိုင်သော နိုင်ငံသားများ ၊ အမြဲတမ်းနေထိုင်သူများ ၊ ရွေ့ပြောင်း အလုပ်လုပ်ကိုင်နေထိုင်သူများ ၏ ပူးပေါင်းပါဝင် ဖြေကြားပေးမှုဖြင့်သာ အောင်မြင်သော National Census တစ်ခုကို ပြီးမြောက်ရရှိနိုင်မည် ဖြစ်ပါသည်။

အကယ်၍များ Census question များကို ဖြေကြားသူများ ၏ ဖြေဆိုမှု အတိုင်း ထည့်သွင်းရေးချခြင်း မပြုလျှင် မေးခွန်း ၄၁ ခုကို ဆက်လက်ဖြေဆို စရာ မလိုတော့ဘဲ ၊ သန်းခေါင်စာရင်း လာကောက်သူအား ယဉ်ယဉ်ကျေးကျေး ပြန်ခိုင်းလိုက်ပါ ၊ (သင်၏ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် ဖြေကြားပိုင်ခွင့် ရွေးချယ် ပိုင်ခွင့် အတိုင်း ရဲရဲ ၀ံဝံ လုပ်လိုက်ပါ ) ။

ဖြေဆိုသူမရှိလျှင် သန်းခေါင်စာရင်း အစစ် အမှန်ကို မည်သည်နည်းနှင့်မျှ အောင်မြင်စွာ ရရှိနိုင်မည် မဟုတ်သည်ကို ကျနော်တို့ မမေ့ပါနှင့်။

အဒမ်ခို
(၂၉-၀၃-၂၀၁၄)

Leave a Reply