6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၂ ၊ ၂၀၁၄
M-Media

အနိုင်ဂိုး မထိန်းနိုင်တဲ့မန်ယူ၊ နေးမာရဲ့ဂိုးကြောင့် အိမ်ကွင်း ၁ မှတ်ရတဲ့ ဘာစီလိုနာတို့ရဲ့ ချန်ပီယံလိဂ် ကွာတား ပ-ကျော့ပွဲများ

385837_heroa

– စိတ်ဝင်စားဖို့ကောင်းတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်တွေကို ယနေ့မနက်ကစားခဲ့ရာမှာတော့ အနိုင်အရှုံးမပြတ်သားခဲ့ဘဲ သရေပွဲနဲ့သာပြီးဆုံးခဲ့ပါတယ်။ အဝေးဂိုးတွေရခဲ့တဲ့ ဘိုင်ယန်နဲ့ အက်သလက်တီကိုတို့ကတော့ ဒုတိယအကျော့အတွက် အားသာချက်ရရှိခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်မှာကစားခဲ့တဲ့ မန်ယူနဲ့ ဘိုင်ယန်တို့ပွဲမှာ ဘွန်ဒစ်လီဂါချန်ပီယံ ဘိုင်ယန်တို့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိကစားနိုင်ခဲ့ပေမယ့် လိုအပ်တဲ့အနိုင်ဂိုးတွတော့ မရခဲ့ပါဘူး။ ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်အားလုံး အနိုင်ရထားတဲ့ မန်ယူတို့ ဒီပွဲမှာ လူစုံထုတ်ခဲ့ပြီး ဘိုင်ယန်တိုက်စစ်ကို အကောင်းဆုံး ခုခံနိုင်ခဲ့ပါတယ်။

ပွဲအစ ၃ မိနစ်မှာပဲ မန်ယူတိုက်စစ်မှူး ၀ဲလ်ဘတ် ဂိုးသွင်းနိုင်ခဲ့ပေမယ့် မာတီနက်စ်ဆီက ဘောလုံးယူတဲ့ အခါ ခြေထောက်မြှောက်ခဲ့တဲ့ အတွက် ဒိုင်က အဲဒီဂိုးကို ခွင့်မပြုခဲ့ပါဘူး။ ပွဲကိုစိုးမိုးထားတဲ့ ဘိုင်ယန်တို့အတွက် မန်ယူအသင်းရဲ့ တန်ပြန်တိုက်စစ်ဟာ အန္တရာယ်ဖြစ်ခဲ့ပါတယ်။ ပထမပိုင်း မိနစ် ၄၀ မှာ ၀ဲလ်ဘက် အကောင်းဆုံးအခွင့်အရေးရခဲ့ပေမယ့် ကန်သွင်းချက် အားပျော့သွားတဲ့အတွက် ဘိုင်ယန်ဂိုးသမားနူအာ အသာအယာဖဖ်းယူနိုင်ခဲ့ပါတယ်။

ဘိုင်ယန်ဘက်ကလည်း ဂိုးသွင်းခွင့်တွေရခဲ့ပြီး မူလာ၊ ရော်ဘင်တို့ရဲ့ ကန်သွင်းချက်တွေကို မန်ယူနောက်တန်းနဲ့ ဂိုးသမား ဒီဂါတို့ အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာ ဘောလုံးဟာ ဘိုင်ယန်ခြေထဲမှာပဲရှိခဲ့ပြီး ဂိုးသွင်းခွင့်တော်တော်များများရခဲ့ပေမယ့် ၅၈ မိနစ်မှာတော့ အိမ်ရှင်မန်ယူတို့အဖွင့်ဂိုးရခဲ့ပါတယ်။ ကာဂါဝါကြောင့်ရတဲ့ ထောင့်ကန်ဘောကို ရူနီ ကန်တင်ရာမှတစ်ဆင့် နောက်ခံလူဗီဒစ်က ခေါင်းတိုက်သွင်းယူပေးခဲ့တာပါ။ ဘိုင်ယန်နောက်တန်းရဲ့ လူကပ်ကစားမှု မသေချာတဲ့အတွက်ကြောင့် ပေးလိုက်ရတာဖြစ်ပါတယ်။ ၈ မိနစ်အကြာမှာတော့ ဘိုင်ယန်တို့ ချေပဂိုး ရခဲ့ပါတယ်။ ရော်ဘင်ရဲ့ အဝေးက ကန်တင်မှုကို လူစားဝင်လာတဲ့ မန်ဇူးကစ်က ခေါင်းနဲ့ချပေးခဲ့ပြီး ရှဝိုင်းစတိုင်ဂါက လှလှပပ ကန်သွင်းပေးခဲ့တာပါ။ နောက်ပိုင်းမှာ ရော်ဘင် အပိုင်ဂိုးသွင်းခွင့် ၂ ကြိမ်လောက်ရခဲ့ပေမယ့် ဂိုးမ၀င်ခဲ့တာကြောင့် မန်ယူတို့ သက်သာရာရခဲ့ပါတယ်။

နျူးကမ့်မှာကစားခဲ့တဲ့ ဘာစီလိုနာနဲ့ အက်သလက်တီကိုတို့ရဲ့ပွဲမှာတော့ အိမ်ရှင်ဘာကာတို့ နေးမာရဲ့ ချေပဂိုးကြောင့် ရှုံးပွဲနဲ့ဝေးခဲ့ရတာဖြစ်ပါတယ်။ ၁၉၉၇ နောက်ပိုင်း ပထမဆုံး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တက်လာတဲ့ အက်သလက်တီကိုတို့ ဒီနေ့ပွဲမှာ အကောင်းဆုံးကစားနိုင်ခဲ့တာပါ။ ပွဲအစ ၁၂ မိနစ်မှာပဲ ဘာကာရဲ့ အားထားရတဲ့နောက်ခံလူပီကေး ကော်စတာနဲ့ ထိခိုက်မိရာက ဒဏ်ရာရသွားခဲ့ပြီး လူစားလဲခဲ့ရပါတယ်။ နောက်ထပ် ၁၈ မိနစ်အကြာမှာ ကော်စတာလည်း ဆက်မကစားနိုင်တော့တဲ့အတွက် ဒီယေဂိုနဲ့ အစားထိုးခဲ့ရပါတယ်။ အက်သလက်တီကိုမှာ ဒေးဗစ်ဗီလာ ပြန်လည်ပါဝင်လာခဲ့ပြီး အသင်းဟောင်း ဘာကာကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ ၂ သင်းစလုံး ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဒုတိယပိုင်း ၅၆ မိစနစ်မှာတော့ အက်သလက်တီကိုတို့ ဦးဆောင်ဂိုးရခဲ့ပြီး ဂေါ့ဒင်ရဲ့ ဖရီးကစ်ကနေ ကော်စတာ အစား လူစားဝင်လာတဲ့ ဒီယေဂိုက သွင်းယူပေးခဲ့တာပါ။ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပွဲကိုစိုးမိုးထားတဲ့ ဘာကာတို့အတွက် နေးမာက ၇၁ မိနစ်မှာ ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ ချီးကျူးရမှာကတော့ အက်သလက်တီကို ဂိုးသမား တီဘောက်ကော့တိုအစ်ဖြစ်ပြီး ဘာစီလိုနာရဲ့ အပိုင်ဂိုးသွင်းခွင့် ၂ ကြိမ်ကို စွမ်းစွမ်းတမံ ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ယနေ့မနက်ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

မန်ယူ ၁-၁ ဘိုင်ယန်
ဘာစီလိုနာ ၁-၁ အက်သလက်တီကို

Goal

Leave a Reply