ဧပြီ ၃၊ ၂၀၁၄
M-Media
– ချီလီနိုင်ငံတွင် ယခုသီတင်းပတ်အတွင်း အင်းအားပြင်းထန်သည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း ငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်ခဲ့ပြီး ကမ်းရိုးတန်းသို့လည်း ဆူနာမီရေလှိုင်း ရိုက်ခတ်ခဲ့သည်ဟု ချီလီရေတပ်က ပြောကြားခဲ့သည်။
နိုင်ငံမြောက်ပိုင်း ကမ်းခြေမြို့ဖြစ်သည့် Iquique မြို့တွင် အင်္ဂါနေ့က လှုပ်ခတ်ခဲ့ပြီး ပြင်းအား ၈.၂ မဂ္ဂနီကျုရှိ အဆိုပါငလျင်ကြောင့် လူ ၆ ဦးသေဆုံးခဲ့ကာ အဆာက်အဦး တစ်ချို့လည်း ပြိုကျခဲ့သည်။ နောက်ပိုင်းတွင် ငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်ခဲ့ပြီး ပြည်သူများကိုလည်း အစိုးရက ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့သည်။
အဆိုပါငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ငလျင်ငယ်များဆက်တိုက်လှုပ်ခတ်ခဲ့ပြီး ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက လှုပ်ခတ်ခဲ့သော ပြင်းအား ၇.၆ မဂ္ဂနီကျုရှိသည့် ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ၀.၇ မီတာအမြင့်ရှိ ဆူနာမီရေလှိုင်းများ ကမ်းခြေသို့ ရိုက်ခတ်ခဲ့သည်ဟု ပစိဖိတ် ဆူနာမီ သတိပေးစင်တာက ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ချီလီနှင့် ပီရူတို့တွင် ထုတ်ပြန်ထားသည့် ဆူနာမီသတိပေးချက်များကိုလည်း ပြန်လည်ရုပ်သိမ်းခဲ့သည်။
Iquique မြိှု့ရှိ ပြည်သူများကမူ ငလျင်ဒဏ်ကို စိုးရိမ်နေသောကြောင့် မိမိတို့အိမ်များတွင်မနေပဲ လမ်များ၊ ကွင်းပြင်များ စသည့်နေရာများတွင် နေထိုင် နေကြသည်။ အဆိုပါ နောက်ဆက်တွဲ ငလျင်များကြောင့် ငလျင်ဒဏ်ခံရသူများထံ သွားရောက်အားပေးသည့် ချီလီသမ္မတ မီရှဲလ် ဘက်ရှ်လီကိုလည်း ၎င်းတည်းခိုသည့်ဟိုတယ်မှ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရသည်။
Agencies
Comments