6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၄၊ ၂၀၁၄
M-Media
လမင်း

ရန်ကုန်  ။      ။း ၂၀၁၄ ခုနှစ်အတွက် ဂျီနီဗာမြို့တွင် ပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံ သို့ သွားရောက်မည အလုပ်သမားထု ကိုယ်စားလှယ်အာ့် ရွေးချယ်ခွင့်နှင့် ပတ်သက်ပြီး အစိုးရမှရွေးချယ် ကန့်သတ်မည့် အပေါ် မြန်မာနိုင်ငံအလုပ်သမား အဖွဲ့ချုပ် ဥက္ကဌ ဦးအောင်သိန်းလင်းက အလုပ်သမားတွေက ခေါင်းဆောင်ရွေးချယ်ပိုင်ခွင့် မရှိတာဟာ အလုပ်သမားထုကို စော်ကားရာရောက် ပါတယ်လို့ ပြောခဲ့သည်။

DSC00584

ဦးအောင်သိန်းလင်းသည် ယနေ့ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံသို့ တက်ရောက်မည့် မြန်မာအလုပ်သမား ကိုယ်စားလှယ်ရွေးချယ်မှု ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ “အစိုးရအနေနဲ့ အလုပ်သမားတွ တန်ဖိုးကိုမြှင့်တင်ပေးပြီး လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးရမှာဖြစ်တယ်။ ဟိုကိုရောက်သွားမဲ့သူက မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေကို အားလုံး သိအောင် ပြောပြရမှာဖြစ်တယ်။ အစိုးရကသာ ရွေးချယ်ပေးမယ် ဆိုရင် အစိုးရရဲ့ အာဘော်တွေပဲ ဖြစ်လာမှာဖြစ်တယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ် ဇွန်လတွင် ဂျနီဗာနိုင်ငံ၌ပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံသို့ တက်ရောက်ရန် အလုပ်သမား ခေါင်းဆောင်တစ်ဦးကို သက်ဆိုင်ရာ အစိုးရမှ ရွေးချယ်ပေးမည်ဆိုခြင်းကို အလုပ်သမား သမဂ္ဂ အဖွဲ့များမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့ကြသည်။

“အလုပ်သမားတွေ မရွေးချယ်ပေးလိုက်တဲ့လူဆိုရင် အလုပ်သမားတွေ အတွက်နစ်နာသွားပါ့မယ်။ ဒီမှာဖြစ်နေတဲ့ အသံတွေ ပြဿနာတွေ ပါသွားမှာမဟုတ်ပါဘူး။ အစိုးရဖက်က ဒီမိုကရေစီ အခွင့်အရေးကို အပြည့်အ၀မပေးနိုင်တဲ့သဘောပါ။ သွားရမယ့် ကိုယ်စားလှယ် အလုပ်သမား အစစ်အမှန်ဖြစ်ပြီး အလုပ်သမားထုကထောက်ခံတာ ပဲဖြစ်သင့်တယ်”ဟု အလုပ်သမား ကာကွယ်ရေး မြှင့်တင်သူများအဖွဲ့မှ ဒေါ်အိရွှေစင်ညွန့် ကပြောခဲ့သည်။

မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံသို့ ၂၀၁၂ ခုနှစ်မှစတင် တက်ရောက်ခဲ့ပြီး ၎င်းညီလာခံသို့ မြန်မာနိုင်ငံမှ အလုပ်သမား ကိုယ်စားလှယ်တစ်ဦး၊ အလုပ်ရှင်ကိုယ်စားလှယ်တစ်ဦးနှင့် အစိုးရမှတာဝန်ရှိ ပုဂ္ဂိုလ်နှစ်ဦး တက်ရောက်ရမည် ဖြစ်ကြောင်းသိရသည်။ ၎င်းညီလာခံတွင်နိုင်ငံပေါင်း ၁၈၆ နိုင်ငံကျော်မှ တက်ရောက်ပြီး အလုပ်သမားများ အခွင့်အရေး အတွက် ဆွေးနွေးသွားကြမည် ဖြစ်ကြောင်းသိရသည်။

Tags:

Leave a Reply