6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၅၊ ၂၀၁၄
M-Media
ချမ်းငြိမ်းအေး

လှည်းကူးမှ ဆူပူရမ်းကား တိုက်ခိုက်မှု ဒဏ်ရာရသူများနှင့် အင်တာဗျူး၊ ရွာခံ ဗုဒ္ဓဘာသာ အချို့ ကာကွယ်ပေးခဲ့ကြ၊ ရန်ပွဲတွင် မပါဝင်တဲ့ အပြစ်မဲ့သူ တစ်ဦး ဖမ်းခံထားရ

10013059_280335878792509_3161689440131347638_n

photo-FB

လှည်းကူးမြို့မှာ မနေ့က နေလည်ပိုင်းက လူငယ် ၂-ဦး စကားများကြရာမှ အစပြု၍ ဘာသာရေး အကြမ်းဖက်မှု အသွင်ဖြစ်အောင် ဖန်တီးလှုံ့ဆော် ခဲ့သော်လည်း လှည်းကူးမြို့ခံများနှင့် ရဲတပ်ဖွဲ့ဝင်များက အချိန်မီ ထိန်းသိမ်းနိုင်ခဲ့သည့် ပေမယ့် အစ္စလာမ်ဘာသာဝင် အိမ်အချို့၏ ပစ္စည်းများ ဖျက်ဆီးခံခဲ့ရပြီး ဒဏ်ရာရမှုများ ဖြစ်ခဲ့ပါတယ်။

ဒဏ်ရာရရှိတဲ့ အစ္စလာမ် ဘာသာဝင်များအား အခင်းဖြစ်ရာနေရာမှ ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး ရဲစခန်းမှ တဆင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသပေးခဲ့ပြီး ညတွင်းချင်းပင် ဆေးရုံမှ အိမ်ပြန် ခွင့်ပြုလိုက်ကြောင်း သိရပါတယ်။ ဆေးရုံသို့ ဒဏ်ရာများဖြင့် ရောက်ရှိခဲ့ကြတဲ့ အိမ်ဖျက်ဆီးခံခဲ့ရ သူများကို M-Media မှ ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။

“လူငယ် ၂-ယောက် ရန်စဖြစ်တဲ့ နေရာနဲ့ ကျွန်မတို့အိမ်က လမ်း တစ်ဘက် ထိပ်ဆီလောက်မှာပါ။ ရန်ဖြစ်တာက ဗုဒ္ဓဘာသာကောင်လေး နဲ့ မွတ်စလင်ကောင်လေးပါ။ မွတ်စလင်ကောင်လေးက ကျွန်မက သူ့အဒေါ်ဆိုတော့ သူက ရန်ဖြစ်ပြီး ကျွန်မတို့ဆိုင်ထဲ ပြေးဝင်လာတယ်။ အဲ့ဒီမှာ နောက်က လိုက်လာတဲ့ လူတွေကလည်း ထုတ်ပေး ထုတ်ပေးဆိုလို့ ကျွန်မတို့ ထုတ်ပေးလိုက်ပါတယ်။ အဲ့ဒါက နေ့လည် ၃-နာရီလောက်ကဖြစ်တာပါ။ ညနေပိုင်း လည်းရောက်ရော လူအုပ်ကြီးက ရောက်လာပြီး ကျွန်မတို့ အိမ်နောက်ဖေးကနေ ၀င်လာပြီး အိမ်ထဲမှာ မှန်တွေ၊ ဗီရိုတွေကို ရိုက်ခွဲကြတော့ ကျွန်မတို့လည်း မနေရဲတော့ပဲ ရှေ့မှာ ရပ်ထားတဲ့ ရဲကားပေါ် ပြေးတက်လိုက်ကြတယ်။

အိမ်ထဲဝင်လာတဲ့သူတွေက ကျွန်မတို့မသိတဲ့ တစိမ်းတွေ။ ကျွန်မတို့လည်း ရဲကားပေါ်တက်ပြေးရင် လွတ်မယ်ထင်လို့ပေါ့။ ဖြစ်ချင်တော့ ရဲကားကို တံခါးပိတ်မရအောင် ကြိုးနဲ့ချည်ထားသေးတယ်။ ရဲကားပေါ်မှာ ကျွန်မတို့တွေ တစ်နာရီလောက်ကြတယ်။ အဲ့ဒီအချိန် တလျှောက်လုံး အုတ်ခဲကျိုးတွေနဲ့ပစ်ပေါက်တယ်၊ နှစ်တစ်တုတ်တွေနဲ့ရိုက်တယ်။ အဲဒါတွေကြောင့် ကျွန်မတို့ အခုလို ဒဏ်ရာတွေ ရတာပါ။ ကျွန်မတို့က ဟူစင်မုန့်ဆိုင်ပါ။ ကျွန်မတို့ဆိုင်ထဲကို လူတွေဝင်လာပြီး ဖျက်ဆီးကြတော့ ကျွန်မတို့ ဘာမှ သိမ်းဆည်းချိန် မရလိုက်ပါဘူး။ ရွှေငွေလက်ဝတ် လက်စားတွေလည်း အားလုံး ကျန်ခဲ့တယ်။ ပြီးတော့ သင်္ကြန်ရက် အတွင်းရောင်းဖို့ဆိုပြီး ကုန်တွေဝယ်လိုက်တာ မကြာသေဘူး အဲ့ဒါတွေလည်း ဖျက်ဆီးလိုက်ကြတယ်။ ကျွန်မတို့ ဒိုင်နာကား တစ်စီးကိုလည်း ဖျက်ဆီးလိုက်ကြတယ်။ ရောက်လာတဲ့ လူအုပ်ကြီး ကတော့ ၁၀၀၀ ကျော် အနည်းဆုံးရှိတယ်။ မျက်နှာသိနည်းတယ်။ အနားဝန်းကျင် ရွာတွေက တက်လာတဲ့ သူတွေဖြစ်ဖို့များတယ်။ အဲ့ဒီလူတွေမှာ ၀တ်စုံဝတ်ထားတာတွေမရှိဘူး။ ဘာတံဆိပ် အမှတ်အသားမှတော့ မပါဘူး။ အများစုက အင်္ကျီမ၀တ်ထားကြဘူး။”လို့ ဖျက်ဆီးခံရသည့် ဟူစင် ကုန်စုံဆိုင်မှ ဒေါ်ခင်ကြည်က ပြောပါတယ်။

P1010727

ဒေါ်သိန်းသိန်းမြင့်

“အဲ့လို ဖျက်ဆီးတာကို မလုပ်ဖို့တားနဲ့ ရပ်ကွက်ထဲက ဇေယျာမြင့်ဆိုတဲ့ ဗုဒ္ဓဘာသာကောင်လေးကိုလည်း ၀ိုင်းရိုက်လို့ ခေါင်းကွဲသွားတယ်။ ကျွန်မတို့ကို ကာကွယ်ပေးလို့ ခေါင်းကွဲသွားတာဖြစ်လို့ သူ့အတွက်လည်း ကျွန်မတို့ ကြေကွဲပါတယ်။ ကျွန်မတို့ကို ဗုဒ္ဓဘာသာ မိတ်ဆွေတွေကလည်း တချို့ကာကွယ်ပေးပါတယ်။ ခုနကလို ရဲကားပေါ်မှာ တစ်နာရီလောက်နေရပြီးတော့ တချို့က ကားကို ၀ိုင်းတွန်းပြီး လမ်းထိပ်ရောက်အောင် ပို့ကြတယ်။ လမ်းထိပ်ရောက်ပြီးမှ ရဲကားမောင်းတဲ့သူ ရောက်လာတော့ သော့ဖွင့်မောင်းပြီး ကျွန်မတို့ကို ရဲစခန်းထဲ ခေါ်သွားတယ်။ အဲ့ဒီအချိန်မှာလည်း ကျွန်မသားရဲ့ မိတ်ဆွေ ဘာသာခြားတချို့က သူတို့ခေါ်ထုတ်ပေးမယ်ဆိုပြီး ကူညီပြောပေးကြတာတွေ ရှိတယ်။ နောက်တော့ ရဲစခန်းကပဲ ကျွန်မတို့ကို ရန်ကုန်ဆေးရုံကြီးကို ပို့ပေးတာပါ။ ခုနကပြောတဲ့ အကြမ်းဖက် ဖျက်ဆီးကြမှုမှာ ရဲ ၂-ယောက်လည်း ဒဏ်ရာရသွားတာရှိတယ်။

ကျွန်မတို့က အားလုံး ၈-ယောက် ဒဏ်ရာရပါတယ်။ ကျွန်မတို့ အိမ်ထဲမှာရှိနေတဲ့ ၆-ယောက်ရယ်၊ နောက် ကျွန်မမောင်တစ်ယောက် သူကတော့ အိမ်ထဲပြေးလာ ပုန်းတဲ့ကလေးကို ရဲလက်အပ်မလို့ လာထုတ်ပေးတဲ့တစ်ယောက်ရယ်၊ နောက်တစ်ယောက်က ဈေးလာဝယ်တဲ့ တူမ တစ်ယောက်ပေါ့။ စုစုပေါင်း ၈-ယောက်ပါ။

နောက်ပြီး အခု ဖမ်းသွားတာ ၃-ယောက်ဖမ်းသွားတယ်။ ဒါပေမယ့် တကယ်တမ်း ရန်ဖြစ်တာက ၂-ယောက်တည်းပါ။ နောက်တစ်ယောက်က နယ်ဝေးက ရောက်နေတာပါ။ အဲ့ဒီတစ်ယောက်က လှည်းကူးမှာ နိကာဟ်(မင်္ဂလာဆောင်) လုပ်ထားတာ ၅-ရက်ပဲရှိသေးတယ်။ သူ့ဇာတိကို သောကြာနေ့ပြန်မှာ လက်မှတ်ဝယ်ပြီး ပြန်လာတာ။ အဲ့ဒါ ရဲက အိမ်ထဲမှာ လူရှိနေရင် ပြဿနာဖြစ်မှာစိုးလို့ဆိုပြီးခေါ်သွားတာ ရန်ဖြစ်တဲ့အထဲ သူက လုံးဝ မပါပါဘူး။ ကျွန်မ အဲ့ဒီကလေး အတွက်လည်း စိတ်ပူတယ်။

P1010755

ကျွန်မတော့ ပြန်နေချင်တာပေါ့ ကိုယ့်အိမ်မှာပဲ။ ဒါပေမယ့် အခု ပြန်ရမှာလည်း ကြောက်နေတယ်”လို့ ဒေါ်ခင်ကြည်မှပင် ငိုပြီး ပြောခဲ့ပါတယ်။

“စဖြစ်တာက ဆိုင်နီးချင်းဗျာ၊ ရောင်းတာကလည်း ဖယောင်းပုဆိုးရောင်းကြတာ အတူတူပဲ။ အဲဒါ ကျွန်တော့်အမေရဲ့တူ ဖြစ်တဲ့ မွတ်စလင်ကောင်လေးနဲ့ သူတို့ဘေးဆိုင်က ဗုဒ္ဓဘာသာကောင်လေး စကားများကြတယ်။ သူတို့ ၂-ယောက်က အခုမှ ရန်ဖြစ်တာမဟုတ်ဘူး။ လွန်ခဲ့တဲ့ ၄-၅ လကလည်း ပြဿနာဖြစ်ဖူးတယ်။ အဲ့ဒီတုန်းကလည်း အွန်လိုင်းမှာ နည်းနည်းဖွလိုက်ကြသေးတယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက် ကလည်း ပြဿနာဖြစ်ကြသေးတယ်။ ဒါပေမယ့် မနေ့က နေ့လည် ၃-နာရီလောက်မှာကျ ဈေးဝယ်လာသူကိစ္စနဲ့ ၂-ယောက်စကားများကြတယ်။ ဒီဘက်က လက်သီးနဲ့ထိုးတယ်။ ဟိုဘက်ကလည်း အချွန်နဲ့ထိုးတယ်။ အဲ့ဒီမှာ အပြန်အလှန်ထိုးရင်း ဗုဒ္ဓဘာသာကောင်လေးက မျက်လုံးနား ထိခိုက်သွားသလို မွတ်စလင်ကောင်လေးလည်း ခေါင်းထိသွားတယ်။ အခုက ဖြစ်တဲ့ ၃-ယောက်ကို ဖမ်းထားတယ်ပြောတယ်။ တကယ်တမ်းက ရန်အောင် ကိုကိုရယ်၊ ချစ်မင်းကိုကို ရယ်ပဲ ဖြစ်တာပါ။ ညီညီမောင်ဆိုတဲ့ကောင်လေးက ဘာမှ မဆိုင်ဘူး။ သူက ခဏလာတဲ့ နေကာဟ်လုပ်ထားတာ ၅-ရက်ပဲရှိသေးတယ်။ သူက သူ့ဇာတိကို ပြန်ဖို့ လက်မှတ်ဝယ်ပြီးပြန်လာတာ အခုဖြစ်တာတွေမှာ သူ ဘာမှ မပါဘူး။ ဒီနေ့တော့ အကြမ်းဖက်ဖျက်ဆီးသူတွေကိုလည်း လိုက်ပြီးဖမ်းနေတယ်လို့တော့ပြောတယ်။

P1010753

ဒေါ်ခင်ကြည်

မနေ့ကဖြစ်တဲ့အချိန် ဈေးထဲက အမေတို့ဆိုင်မှာဖြစ်နေတော့ ကျွန်တော်က ပေတရာကဆိုင်။ ဟုတ်တယ် ရန်ကုန်-မန္တလေး လမ်းပေါ်ကဆိုင်ပါ။ ဒီဆိုင်ကိုပြေးဖို့ လုပ်တော့ မိတ်ဆွေ ဗုဒ္ဓဘာသာတွေက မသွားဖို့ ၀ိုင်းပြီးတားကြတယ်။ အန္တရာယ် များတယ်ဆိုပြီး မသွားဖို့ ၀ိုင်းတားကြတယ်။ လာဖျက်ကြတဲ့သူတွေက ကျွန်တော်တို့ မမြင်ဖူးတဲ့ လူတွေများတယ်။

ဖြစ်တဲ့အချိန်က NLD လွှတ်တော်အမတ် ကိုဖြိုးမင်းသိန်းလည်း ရောက်လာပြီး တားတယ်။ ဟုတ်တယ် တစ်ယောက်တည်း ရောက်လာပြီး တားတာပါ။ ဒါပေမယ့် လုံးဝကို တားလို့ မနိုင်တာပါ။

အခုတော့ ကျွန်တော်တို့ ဥစ္စာပစ္စည်း ဘာတစ်ခုမှ မရခဲ့ပါဘူး။ လူလွတ်ပဲ ထွက်လာရတာပါ။ ကျန်ခဲ့တဲ့ ဆွေမျိုးတွေလည်း အကုန် တစ်ယောက် တစ်နေရာ ရောက်နေပြီပေါ့။ ကျွန်တော်တို့အိမ်ကိုတော့ ကျွန်တော်တို့ ပြန်သွားချင်တယ်။ ဒါပေမယ့် အမေကလည်း ပြန်သွားဖို့ စိတ်ပူနေတယ်။”လို့ ရန်ကုန်မြို့တွင် ဆေးကုသမှု ခံယူနေတဲ့ ဒေါ်ခင်ကြည်ရဲ့ သားဖြစ်သူမှ ပြောပါတယ်။

ဒဏ်ရာရရှိခဲ့ကြသူများမှာ ဒေါ်ခင်ကြည်၊ မချိုတီ၊ မသိန်းသိန်းမြင့်၊ ကိုနိုင်ဦး၊ ကိုညီညီ၊ မဘေဘီ၊ မဇာခြည်ထက်ထက်ဦး၊ မ၀င်းမာချို တို့ဖြစ်ပြီး ရန်ကုန်မြို့တွင် ဆေးကုသမှု ခံယူနေကြပြီး ယခုအခါ လှည်းကူးမြို့ အခြေအနေမှာ တည်ငြိမ်နေသည်ဟု သိရသည်။

Leave a Reply