ဧပြီလ ၉ ရက်၊ ၂၀၁၄
M-Media
ဗြိတိန်နိုင်ငံက မြန်မာသံအမတ်ကို အင်ဂျီအိုတွေ မောင်းထုတ်ပစ်တဲ့ကိစ္စနဲ့ သန်းခေါင်စာရင်းမှာ “ရိုဟင်ဂျာ” ထည့်မကောက်တဲ့ ကိစ္စများအတွက် သတိ ထောက်လွှာ ပေးအပ် ခဲ့တယ်လို့ သိရပါတယ်။
အဲဒီသတိထောက်လွှာကို ဗြိတိန် နိုင်ငံခြားရေးဌာန ဒုတိယ ဝန်ကြီး ဟူဂိုဆွိုင်ယာက မြန်မာသံအမတ် ဦးကျော်စွာမင်းကို ဆင့်ခေါ်ပြီး ပေးခဲ့ခြင်း ဖြစ်ပါတယ်။
ဘီဘီစီမြန်မာပိုင်းရဲ့ တင်ပြချက်အရ မြန်မာသံအမတ် ဦးကျော်စွာမင်းကို သတိထောက်လွှာမှာ ပါရှိတဲ့အကြောင်းအရာတွေ ဖတ်ပြပြီး ဘာတစ်ခုမှ ပြန်လည်ပြောဆို ခွင့်မပေးဘဲ နှင်ထုတ်တဲ့ သဘောနဲ့ ဆက်ဆံခဲ့တယ်လို့ ဦးကျော်စွာမင်းကိုယ်တိုင်က ပြောပြထားတာ သိရှိရပါတယ်။
ဦးကျော်စွာမင်းရဲ့အဆိုအရ ဒီလို သတိထောက်လွှာပေးအပ်ရခြင်းက သန်းခေါင်စာရင်းမှာ အလှူရှင်နိုင်ငံ တစ်နိုင်ငံဖြစ်တ
ဦးကျော်စွာမင်းရဲ့အဆိုကို ဘီဘီစီမြန်မာပိုင်းကတဆင့် တင်ပြလိုက်ပါတယ်။
BBC နဲ့ ဦးကျော်စွာမင်း တို့ရဲ့ အင်တာဗျူး အသံဖိုင် အပြည့်အစုံကို အောက်ပါ လင့်ခ်တွင် နားဆင်နိုင်ပါတယ်။
Comments