ဧပြီ ၂၀၊ ၂၀၁၄
M-Media
သင်္ဘောအမှုထမ်းနှင့် ခရီးသည် စုစုပေါင်း ၄၇၅ ဦး တင်ဆောင်သွားခဲ့ပြီး ဗုဒ္ဓဟူးနေ့က နစ်မြုပ်သွာခဲ့သည့် တောင်ကိုရီးယား ခရီးသည်တင် သင်္ဘောမှ အလောင်း ၃ လောင်းအား ယနေ့ ညနေတွင် တွေ့ရှိခဲ့သည်ဟု သိရသည်။
ယနေ့ ညနေ ဒေသစံတော်ချိန် ၅ နာရီဝန်းကျင်တွင် တစ်လောင်းနှင့် ၆ နာရီဝန်းကျင်တွင် နှစ်လောင်းကို သင်္ဘောနစ်မြုပ်ခဲ့သည့် နေရာနှင့် ကီလိုမီတာ ၁၀၀ ခန့် အကွာတွင် တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ယခုအချိန်အထိ သေဆုံးသူဦးရေမှာ ၃၃ ဦးအထိ ရှိလာပြီဖြစ်သည်။ အဆိုပါသင်္ဘောမှ ကျောင်းသား ၇၅ ဦး အပါအ၀င် လူပေါင်း ၁၇၄ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၂၆၉ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။
သင်္ဘောပေါ် လိုက်ပါလာသည့် ခရီးသည်များတွင် လေ့လာရေး ခရီးထွက်လာသည့် အထက်တန်းကျောင်းမှ ကျောင်းသား ၃၂၅ ဦးနှင့် ဆရာ ၁၅ ဦးတို့ပါပြီး၊ တောင်ကိုရီးယားကမ်းခြေစောင့်တပ်၊ ရေတပ်နှင့် ရေငုပ်ကျွမ်းကျင်သူများက ပျောက်ဆုံးနေသူများအား ဆက်လက် ရှာဖွေလျက်ရှိသည်။
ဆင်ဟွာ
Leave a Reply
You must be logged in to post a comment.