News @ M-Media

ခွဲထွက်ရေးသမားများ ယူကရိန်းအရှေ့ပိုင်းတွင် အဆောက်အအုံများ ဆက်လက်သိမ်းပိုက်၊ နိုင်ငံတကာ သတင်းသမား ၃ ဦးအားဖမ်းဆီးထား

ဧပြီ ၂၂၊ ၂၀၁၄
M-Media

939df29b-f81a-4cfc-b76a-b118011a5391

–  မတည်မငြိမ်ဖြစ်နေသည့် ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ခွဲထွက်ရေးသမားများမှာ အဆောက်အဦးများကို ဆက်လက်သိမ်းပိုက်လျက်ရှိနေပြီး နိုင်ငံခြား ဂျာနယ်လစ် ၃ ဦးကိုလည်း ယနေ့တွင် ဖမ်းဆီးလိုက်သည်ဟု သိရသည်။

ဘီလာရုစ်မှ ဂျာနယ်လစ်တစ်ဦးနှင့် အီတလီဂျာနယ်လစ် ၂ ဦးတို့မှာ ခွဲထွက်ရေးသမားများက ထိန်းချုပ်ထားသည့်  Slovyansk မြို့တွင် သတင်းယူနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ယမန်နေ့ ညပိုင်းကလည်း Slaviansk မြို့တွင် ယူကရိန်း ဂျာနယ်လစ် အမျိုးသမီးတစ်ဦးအား ခွဲထွက်ရေးသမားများက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး သူမမှာ မြို့တော်ကိဗ်တွင်ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများအတွင်း စစ်ရာဇ၀တ်မှုကို ကျူးလွန်ခဲ့သည်ဟု ၎င်းတို့က စွပ်စွဲခဲ့သည်။

ယူကရိန်းအရှေ့ပိုင်းဒေသများတွင် အစိုးရ အဆောက်အဦးများအား သိမ်းပိုက်နေသည့် လက်နက်ကိုင် မျက်နှာဖုံးစွပ် စစ်သားများမှာ ရုရှားစစ်သားနှင့် ထောက်လှမ်းရေး တပ်များမှ ဖြစ်သည်ဟု ဓာတ်ပုံများအရ သိရကြောင်း New York Times သတင်းစာက ယနေ့တွင်ဖော်ပြခဲ့သည်။

အမေရိကန် ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်မှာ ယူကရိန်းအတွင်း မတည်ငြိမ်မှုများနှင့် ပတ်သက်၍ ဆွေးနွေးရန် ယူကရိန်းနိုင်ငံသို့နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ယနေ့တွင်ရောက်ရှိခဲ့သည်။
live.aljazeera

Photo- Reuters

Comments

Leave a Reply