6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၂၃၊ ၂၀၁၄
M-Media

– ကြောက်မက်ဖွယ် လူမျိုးတုန်းသတ်ဖြတ်မှုမှ အသက်ရှင်ကျန်ရစ်ခဲ့သူများနှင့် အတူရှိနေသည်ကို ပြသသည့် အနေဖြင့်  ရ၀မ်ဒါမြို့တော် ကီဂါလီရှိ လူမျိုးတုန်းသတ်ဖြတ်မှု အောက်မေ့ဖွယ် စင်တာသို့ ရ၀မ်ဒါမွတ်စလင် ခေါင်းဆောင်များက သွားရောက် ဂါရ၀ပြုခဲ့ကြသည်ဟု သိရသည်။

Rwanda-Muslims-Remember-Genocide-Victims

“လူမျိုးတုန်း သတ်ဖြတ်မှုအတွင်း သေဆုံးသွားခဲ့ရသူတွေကို ဂါရ၀ပြုတဲ့အနေနဲ့ ကျွန်တော်တို့ လာရောက်တာဖြစ်ပြီး အသက်ရှင်ကျန်ခဲ့ကြသူတွေနဲ့လည်း ကျွန်တော်တို့ အတူရှိနေတယ်ဆိုတာ ပြသတာပါ” ဟု ကီဂါလီမြို့ မွတ်စလင်အသင်းမှ ခေါင်းဆောင် အလ်-ဟဂ်ျ အိုက်ဇက် မန်ယာကာဇီက ရ၀မ်ဒါ အွန်လိုင်း သတင်းမီဒီယာတစ်ခုဖြစ်သည့် The New Times သို့ ပြောကြားခဲ့သည်။

အနာဂတ်တွင် ထိုကဲ့သို့ အဖြစ်ဆိုးမျိုး ထပ်မံမဖြစ်ပွားရန်အတွက် ရ၀မ်ဒါမိဘများမှာ မိမိတို့၏ သားသမီးများကို ထိုအောက်မေ့ဖွယ်စင်တာသို့ သွားရောက်ရန် တိုက်တွန်းရမည်ဖြစ်ကြောင်း မန်ယာကာဇီက ဆိုသည်။ ထို့ပြင် နိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ ညီညွတ်မှုနှင့် ဖွံ့ဖြိုးရေးအတွက် ဘာသာရေးခေါင်းဆောင်များမှာ အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အချို့သော ဘာသာရေးခေါင်းဆောင်များမှာ အမုန်းတရားများကို ဟောပြောခြင်းဖြင့် အဆိုပါ လူမျိုးတုန်း သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သည့်အတွက် စိတ်မကောင်းနေသည်ဟုဆိုသည့် မန်ယူကာဇီက

“အချို့သော ဘာသာရေးအဖွဲ့တွေက အဲဒီလူမျိုးတုန်းသတ်ဖြတ်မှုမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့တာဟာ ဆိုးရွားပါတယ်။ မေတ္တာတရားတွေကို ဟောကြားရမယ့်အစား သူတို့ဟာ အမုန်းတွေကိုသာ ဟောကြားခဲ့ကြပါတယ်” ဟု မှတ်ချက်ပေးခဲ့သည်။

ထို့ပြင် ထိုလူမျိုးတုန်းသတ်ဖြတ်မှုကို ကြံစည်ကျူးလွန်ခဲ့သူများနှင့် ကျူးလွန်ခြင်းခံရသူများမှာ တစ်ဘက်နှင့်တစ်ဘက် ခွင့်လွှတ်ကာ ရန်မီးငြိမ်းစေရန်အတွက်လည်း တိုက်တွန်းခဲ့သည်။

ရူဘာဗူဒေသမှ ဟဂ်ျဘုရားဖူးအဖွဲ့ ဥက္ကဌဟောင်း ရှိခ်ဂျူမာ ကီဘာတာကလည်း ထိုတိုက်တွန်းမှုကို ထောက်ခံခဲ့ပြီး ပြန်လည်ရင်ကြားစေ့ရေးနှင့် တိုင်းပြည်ပြန်လည်တည်ဆောက်ရေးကို လုပ်ဆောင်ရန် ဆော်သြခဲ့သည်။

“အသက်ရှင်ကျန်ရစ်ခဲ့သူတွေနဲ့ ကျန်တဲ့ ရ၀မ်ဒါပြည်သူအားလုံးအတွက် အနာဂတ်ဟာ တောက်ပနေပါတယ်။ မျှော်လင့် ချက်ပျက်သုဉ်းမှုတွေ ဆက်မရှိသင့်တော့ပါဘူး” ဟု ကီဘာတာက ဆိုသည်။

လူမျိုးတုန်းသတ်ဖြတ်မှု အောက်မေ့ဖွယ်စင်တာအား သွားရောက်ခဲ့သည့် အဆိုပါ မွတ်စလင်ခေါင်းဆောင်များအဖွဲ့မှာ ကီကူကီရို ခရိုင်၊ မာဆာကာဒေသရှိ အသက်ရှင်ကျန်ရစ်သူများနှင့် မိသားစုများအား ရ၀မ်ဒါ ဖရန့်ငွေ ၁ သန်း လှူဒါန်းခဲ့သည်။

၁၉၉၄ ခုနှစ် ဧပြီလမှ ဇူလိုင်လအတွင်း ရ၀မ်ဒါရှိ ဟူတူလူမျိုး အစွန်းရောက်များက တွတ်ဆီလူမျိုးများအား မျိုးတုန်း သတ်ဖြတ်ခဲ့ကြပြီး၊ အဆိုပါ လူမျိုးတုန်းသတ်ဖြတ်မှုမှာ လူမျိုးစုတစ်ခုအား ပစ်မှတ်ထားသတ်ဖြတ်သည့် ကမ္ဘာ့သမိုင်းတွင် အဆိုးရွားဆုံး လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်သည်ဟု လူ့အခွင့်အရေးအဖွဲ့များက သတ်မှတ်ထားသည်။

OnIslam & Newspapers

Leave a Reply