6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၂၄၊ ၂၀၁၄
M-Media

– မလေးရှားကမ်းရိုးတမ်းတွင် ခုတ်မောင်းနေသည့် ဂျပန်ဆီတင် သင်္ဘောတစ်စင်းအား ပင်လယ်ဓားပြများက ၀င်ရောက်စီးနင်းကာ ဆီများထုတ်ယူသွားပြီး သင်္ဘောသား ၃ ဦးကိုလည်း ပြန်ပေးဆွဲခဲ့သည်ဟု မလေးရှားရေကြောင်း ထိန်းသိမ်းရေး ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

359730_Japan-vessel

ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်နက်ကိုင် ပင်လယ်ဓားပြ ၆ ဦးမှာ မာလကာရေလက်ကြားတွင် ခုတ်မောင်းနေသည့် ဂျပန်ဆီတင်သင်္ဘောသို့ အမြန်ရေယာဉ်ဖြင့်လာရောက်ကာ သင်္ဘောအား အပိုင်စီးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် သင်္ဘောပေါ်တွင်တင်လာသည့် ဒီဇယ်ဆီပမာဏ၏ ထက်ဝက် လီတာ ၅ သန်းကို ၎င်းတို့၏ အခြား သင်္ဘောထဲသို့ ထည့်ကာ၊ သင်္ဘောသား ၃ ဦးကိုလည်း ပြန်ပေးဆွဲသွားခဲ့သည်ဟု မလေးရှားရေကြောင်း ရဲတပ်ဖွဲ့ အကြီးအကဲ အဘ်ဒူလ်အဇစ်ယူစွဖ်က ပြောကြားခဲ့သည်။

ပြန်ပေးဆွဲခံခဲ့ရသည့် သင်္ဘောသား ၃ ဦးမှာ အင်ဒိုနီးရှားနိုင်ငံသားများ ဖြစ်ကြသည်ဟု အချို့သတင်းများက ဖော်ပြကြသည်။ အဆိုပါ ဂျပန်သင်္ဘောမှာ စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့သွားမည့် သင်္ဘောဖြစ်ပြီး သင်္ဘောသားများမှာ ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှားနှင့် အိန္ဒိယနိုင်ငံတို့မှဖြစ်ကြသည်။

ဆီတင်သင်္ဘောအား ဆီများအား ရယူကာ တရားမ၀င်ဈေးကွက် တွင် ရောင်းချရန် သင်္ဘောအား အပိုင်စီးခဲ့ခြင်းဖြစ်ည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ပင်လယ်ဓားပြနှင့် လက်နက်ကိုင် ဓားပြတိုက်မှု တိုက်ဖျက်ရေး ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့(Recaap) ၏ စင်ကာပူရုံးချုပ်က လက်နက်ကိုင် ပင်လယ်ဓားပြများမှာ မာလကာ ရေလက်ကြားအတွင်း အပိုင်စီး ဓားပြတိုက်မှုများမှာ လွန်ခဲ့သည့် ၃ နှစ်အတွင်း ၁၂ မှုမှ ၂၀ အထိ တိုးလာခဲ့သည်ဟု ပြောကြားခဲ့သည်။

ထိုကဲ့သို့ ဓားပြတိုက်မှုများတွင် သင်္ဘောသားများအား တိုက်ခိုက်ခြင်း၊ သင်္ဘောပေါ်ပါလာသည့် ကုန်ပစ္စည်းများနှင့် ငွေသားများအား ခိုးယူခြင်းတို့ ပါဝင်သည်။ မာလကာရေလက်ကြားမှာ ကမ္ဘာ့ရေနံ ကုန်သွယ်မှု လေးပုံတစ်ပုံ ဖြတ်သန်းသွားရာ လမ်းကြောင်းဖြစ်သည်။

SAB/PR

 

Leave a Reply