News @ M-Media

မန်ယူနည်းပြအဖြစ် ခန့်သည့်နေ့မှာ ဘောလုံးသမားဘဝတွင် ဂုဏ်အယူရဆုံးနေ့ဖြစ်ကြောင်း ရွိုင်ယန်ဂစ်ဖွင့်ဟ

ဧပြီ ၂၅၊ ၂၀၁၄
M-Media

– မန်ချက်စတာယူနိုက်တက်အသင်း၏ နည်းပြအဖြစ် ခန့်အပ်ခံရသည့်နေ့မှာ မိမိ၏ ဘောလုံးသမားဘ၀ သက်တမ်းတွင် ဂုဏ်အယူရဆုံးနေ့ တစ်နေ့ဖြစ်သည်ဟု အသင်း၏ ယာယီနည်းပြ ရွိုင်ယန်ဂစ်က ပြောကြားလိုက်သည်။

article-2612887-1D56A32E00000578-40_634x355

နည်းပြမိုယက်စ်အား ထုတ်ပယ်ခဲ့ပြီးနောက် ကျန်ရှိသည့် ပရီးမီးယားလိဂ် ၄ ပွဲကို ကိုင်တွယ်ရန် ရွိုင်ယန်ဂစ်အား နည်းပြအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ဂစ်ကမူ ၎င်းအနေဖြင့် အသင်း၏ပုံစံဖြစ်သည့် တိုက်စစ်အားပြုကစားပုံ ပြန်လည်ရရှိအောင် လုပ်ဆောင်မည်ဟု ယနေ့နံနက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ကျွန်တော့်ကစားသမားဘ၀ရဲ့ ဂုဏ်အယူရဆုံးနေ့ပါပဲ။ ပရိတ်သတ်တွေရဲ့ မျက်နှာမှာ အပြုံးတွေပြန်ရလာအောင် ကျွန်တော်ယူပေးပါ့မယ်။ လာမယ့်ပွဲအတွက် ကျွန်တော် မစောင့်နိုင်တော့ပါဘူး။ ကစားကွင်းဟာ အသက်ဝင်နေပါလိမ့်မယ်။ ကစားသမားတွေအားလုံးဟာ ဒီတစ်ပတ်လုံး တက်ကြွနေပါတယ်။ စနေနေ့ပွဲမှာ ကောင်းကောင်းကစားဖို့၊ ပရိတ်သတ်တွေကို ပျော်ရွှင်မှုတွေပေးဖို့ သူတို့ကို ကျွန်တော် ပြောထားပြီးပါပြီ” ဟု ဂစ်က ပြောကြားခဲ့သည်။

အဆင့် ၇ နေရာရောက်နေသည့် မန်ယူအသင်းမှာ မနက်ဖြန်တွင် အိမ်ကွင်း၌ တန်းဆင်းဇုန်နားမှ နော်ဝစ်ခ်ျအသင်းအား ဧည့်ခံကစားရမည်ဖြစ်သည်။

Daily Mail

Comments

Leave a Reply