News @ M-Media

ကစားသမားများ ဒဏ်ရာပြဿနာကြောင့် ချန်ပီယံလမ်းကြောင်းမှ ဖယ်ပေးလိုက်ရသည့်ဟု ဝင်းဂါးပြော

ဧပြီ ၂၉ ၊ ၂၀၁၄
M-Media
389933_heroa
– မိမိတို့အသင်း ပရီးမီးယားလိဂ်ချန်ပီယံ စိန်ခေါ်သူအဖြစ်မှ ဖယ်ပေးခဲ့ရခြင်းမှာ အသင်းရှိ ကစားသမားများ၏ ဒဏ်ရာပြသနာများကြောင့်ဖြစ်သည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

အာဆင်နယ်သင်းမှာ ယမန်နေ့က ကစားခဲ့သည့် နယူးကာဆယ်နှင့်ပွဲတွင် ၃ ဂိုးပြတ်ဖြင့်အနိုင်ရခဲ့ပြီး၊ ဒဏ်ရာရနေသည့် အသင်း၏ အဓိကကစားသမား အာရွန်ရမ်ဆေးမှာလည်း အသင်းတွင် ပြန်လည်ပါဝင်လာနိုင်ခဲ့သည်။

ထိုပွဲအပြီးတွင် သတင်းထောက်များက ရမ်းဆေးဒဏ်ရာရခြင်းကြောင့် အာဆင်နယ်အသင်း၏ ချန်ပီယံမျှော်လင့်ချက် ဆုံးရှုံးသွားခြင်းဖြစ်မည်လားဟု မေးမြန်းခဲ့ရာ ၀င်းဂါးက

“အာရွန်ရမ်ဆေးတစ်ယောက်တည်းကြောင့်လို့ ကျွန်တော်မပြောချင်ပါဘူး။ တစ်ချိန်တည်းမှာ အခြားကစားသမားတွေကိုလည်း ကျွန်တော်တို့ဆုံးရှုံးခဲ့ရတာပါ။ ဒါဟာ ကျွန်တော်တို့အသင်းရဲ့ အခွင့်အရေးကို ဆုံးရှုံးစေခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ ဇယားထိပ်ဆုံးမှာ ရှိခဲ့တယ်။ ဒါပေမယ့် ရာသီရဲ့ အရေးကြီးတဲ့အချိန်မှာ ကစားသမားအများအပြားကို ဆုံးရှုံးခဲ့ရပါတယ်” ဟု ၀င်းဂါးက သတင်းထောက်များအား ပြောကြားခဲ့သည်။

ယခုပွဲအနိုင်ကြောင့် အာဆင်နယ်အသင်းမှာ အဆင့် ၅ နေရာမှ အဲဗာတန်အသင်းအား ၄ မှတ်ဖြတ်ထားနိုင်ကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် သေချာသလောက်ရှိနေသည်။

Comments

Leave a Reply