6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၃၀၊ ၂၀၁၄
M-Media

– လွန်ခဲ့သည့် ၁၃ နှစ် ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၁ အကြမ်းဖက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူများကို ကယ်တင်ရင်း အသက်စွန်ခဲ့ရသည့် မွတ်စလင် ရဲတပ်သားတစ်ဦးကို ဂုဏ်ပြုသောအနေဖြင့် နယူးယောက် Queens Borough ဒေသရှိ လမ်းတစ်လမ်းအား ထိုရဲတပ်သား အမည် မှည့်ခေါ်ခဲ့သည်ဟု သိရသည်။

911Muslim-Hero-Honored-At-Last

မုဟမ္မဒ် ဆဲလ်မန် ဟမ်ဒါနီဟု အမည်ရသည့် အရေးပေါ် ဆေးတပ်သားမှာ ထိုနေ့က ရော့က်ဖဲလား တက္ကသိုလ်သို့ သွားနေစဉ် ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ လေယာဉ်ဖြင့် အတိုက်ခံရပြီး မီးလောင်နေသည်ကို တွေ့ရှိခဲ့ရသောကြောင့် ရထားပေါ်မှ ဆင်းကာ ပိတ်မိနေသူများအား သွားရောက် ကယ်တင်ရင်း အသက်စွန်ခဲ့ရခြင်းဖြစ်သည်။

ဆဲလ်မန်၏ ရဲရင့်မှုကို ဂုဏ်ပြုသောအားဖြင့် နယူးယောက်မြို့ Queens Borough ဒေသရှိ အမှတ် ၃၅ ရိပ်သာလမ်းရှိ လမ်းအမှတ် ၂၀၄ အား “ဆဲလ်မန်ဟမ်ဒါနီလမ်း” ဟု အာဏာပိုင်များက ပြောင်းလဲ အမည်ပေးခဲ့ခြင်းဖြစ်သည်။

“ကြည်နူးစရာကောင်းပြီး၊ ဂုဏ်ယူစရာ နေ့တစ်နေ့ပါပဲ။ အတွေးချော်မှုတွေနဲ့ အမုန်းတွေကို ဆန့်ကျင်နေတဲ့ အမေရိကန်အတွက် ဒါဟာအလှည့်အပြောင်းတစ်ခုပါ။ အမေရိကန် မွတ်စလင်တွေဟာလည်း အမေရိကန်နိုင်ငံသားတွေပါပဲ။ ကျွန်မတို့ဟာ အမေရိကန် လူ့အဖွဲ့စည်းရဲ့ အစိတ်အပိုင်းပါ” ဟု ဆဲလ်မန်၏ မိခင်ဖြစ်သူ တာလက်ဟမ်ဒါနီက NY Daily News သို့ ပြောကြားခဲ့သည်။

ဆဲလ်မန်၏အလောင်းအား အပျက်အစီးများအကြားတွင် တွေ့ရှိခဲ့ရပြီး မိသားစုများမှာ ဆဲလ်မန် ကွယ်လွန်ကြောင်းကို ၂၀၀၂ ခု နှစ်ဆန်းပိုင်းတွင်မှ သိရှိခဲ့ရသည်။ ကွယ်လွန်ချိန်တွင် အသက် ၂၃ နှစ်အရွယ်သာ ရှိသေးသည်။

ဆဲလ်မန်မှာ အထက်တန်းကျောင်းနေစဉ်အခါက Bayside အထက်တန်းကျောင်း၏ ဘောလုံး လက်ရွေစင်ကစားသမားတစ်ဦးလည်းဖြစ်ပြီး၊ ယခုအမည်မှည့်ခေါ်ခဲ့သည့် လမ်းမှာ ၎င်း၏နေအိမ်နှင့် တစ် ဘလောက်အကွာတွင် တည်ရှိသည်။

ဒေသတာဝန်ရှိသူများနှင့် ပတ်ဝန်းကျင်တွင် နေထိုင်သူများကလည်း ထိုကဲ့သို့ အမည်မှည့်ခေါ်ခြင်းကို ချီးကျူးခဲ့ကြသည်။

“သိပ်ကိုကောင်းတဲ့စိတ်ကူးပါပဲ။ သူဟာ တကယ့်ကို အသိအမှတ်ပြုခံထိုက်ပါတယ်” ဟု အဆိုပါလမ်းရှိ  Pesso ရေခဲမုန့်ဆိုင် ပိုင်ရှင်ကဆိုသည်။

OnIslam & Newspapers

Leave a Reply