6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၂ ၊ ၂၀၁၄
M-Media

– တိုင်းပြည်အတွင်း မငြိမ်သက်မှုများဖြစ်နေပြီး ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် ယူကရိန်းနိုင်ငံကို ကန်ဒေါ်လာ ၁၇ ဘီလီယံ ချေးရန် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF မှ အတည်ပြုခဲ့သည်ဟု သိရသည်။

201443022729766734_20

ရုရှားနှင့် အမေရိကန်တို့အပါအ၀င် အဖွဲ့ဝင် ၂၄ နိုင်ငံပါဝင်သည့် IMF ဘုတ်အဖွဲ့က ယမန်နေ့တွင် အတညပြုခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဆိုငွေကြေးပမာဏာအား ၂ နှစ်အတွင်း အပြီးသတ် ထုတ်ချေးသွားမည်ဖြစ်ကာ လောလောဆယ်တွင် ၃.၂ ဘီလီယံကို ပေးသွားမည်ဖြစ်သည်။

ငွေထုတ်ချေးသည့်အတွက် အပြန်အလှန်အားဖြင့် လောင်စာအတွက် အမတော်ကြေးကို ဖြတ်တောက်ရန်၊ နိုင်ငံ၏ လိုငွေ လျော့ချရန်၊ စားရိတ်ကြီးမြင့်မှု ထိန်းချုပ်ရန်၊ ချစားမှုတိုက်ဖျက်ရန်နှင့် ဘဏ်စနစ်အား ပြုပြင်ပြောင်းလဲရန် IMF က ယူကရိန်းကို တောင်းဆိုထားသည်။

ယူကရိန်းအနေဖြင့် ၂ နှစ်ကြာမြင့်မည့် အဆိုပါချေးငွေ ရရှိသော်လည်း ယခုနှစ် စီးပွားရေးမှာ ၅ ရာခိုင်နှုန်းခန့် ကျဆင်းမည်ဟု IMF က သတိပေးခဲ့သည်။

မိမိတို့အပေါ် တင်ရှိနေသည့် ဓာတ်ငွေ့ဖိုးအကြွေးအား မပေးနိုင်ပါက ဓာတ်ငွေ့ပို့လွှတ်မှု ဖြတ်ပစ်မည်ဟု ရုရှားက ခြိမ်းခြောက်ထားသောကြောင့် ယူကရိန်းမှာ လတ်တလောရရှိမည့် ချေးငွေထဲမှာ ၂.၂ ဘီလီယံအား ရုရှားကို အကြွေးဆပ်ရန် ရှိနေသည်။ ယူကရိန်းမှာ IMF အပေါ် ယခင်ကလည်း ပေးဆပ်ရန် အကြွေးများရှိနေပြီး ယခု ချေးငွေသစ်က ယခင်အကြွေးအား ပေးဆပ်ရာတွင် အသုံးပြုနိုင်မည် မဟုတ်ချေ။

Agencies
Tags: ,

Leave a Reply