6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၃၊ ၂၀၁၄
M-Media
IslamicRelief-Celebrate-30-Years-of-Giving
– ကမ္ဘာတစ်ဝှမ်းရှိ လိုအပ်နေသူများကို ကူညီထောက်ပံ့ပေးသည့် ဘာမင်ဟမ်မှ အစ္စလာမ့် ကူညီကယ်ဆယ်ရေးအဖွဲ့ Islamic Relief ၏ နှစ် ၃၀ ပြည့်အခမ်းအနားကို ကြာသာပတေးနေ့က ကျင်းပခဲ့သည်ဟု သိရသည်။

၁၉၈၄ ခုနှစ်က ဘာမင်ဟမ်ရှိ ရုံးခန်းငယ်လေးတစ်ခုတွင် စတင်ဖွဲ့စည်းခဲ့သည့် အဆိုပါ Islamic Relief အဖွဲ့မှာ ယခုအခါ နိုင်ငံတကာအတိုင်းအတာနှင့် လုပ်ဆောင်နေသည့် အဖွဲ့အဖြစ် ကြီးထွားလာခဲ့ကာ အနောက်နိုင်ငံအခြေစိုက် အကြီးဆုံး မွတ်စလင် ကူညီကယ်ဆယ်ရေးအဖွဲ့လည်းဖြစ်သည်။

Islamic Relief အဖွဲ့မှာ ပါကစ္စတန်တွင် အကူအညီပေးရေးနှင့် ဖွံ့ဖြိုတိုးတက်ရေး လုပ်ငန်းများကို ဇောက်ချ လုပ်ဆောင်နေပြီး၊ ပါလက်စတိုင်းတွင်လည်း ကုလအေဂျင်စီများပြီးနောက် ဒုတိယအကြီးဆုံး ကူညီထောက်ပံ့ရေးအဖွဲ့ဖြစ်သည်။ ထို့ပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အလွန်လိုအပ်နေသည့် ဆီးရီးယားနိုင်ငံတွင်လည်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေသည်။

“ဆီရီးယားနိုင်ငံအတွင်းနဲ့ ပတ်ဝန်းကျင်က ဂျော်ဒန်၊ လက်ဘနွန်၊ အီရတ်နဲ့ တူရကီနိုင်ငံတို့မှာရှိနေတဲ့ ဆီးရီးယားပြည်သူ ၂ သန်းကျော်ကို အစားအသောက်၊ နေရာထိုင်ခင်း၊ ဆေးဝါး အကူအညီနဲ့ အခြားသော ထောက်ပံ့မှုတွေကို ပြုလုပ်နေပါတယ်။ ကမ္ဘာပေါ်မှာ အခက်ခဲဆုံးနေရာမှာ Islamic Relief က အလုပ်တွေ လုပ်နေရတာပါ” ဟု ဘာမင်ဟမ်ရှိ Islamic Relief ရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဘာမင်ဟမ်ပို့စ် သတင်းစာသို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။

ယူကေအစိုးရ၏ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ အတွင်းရေးမှူး ဂျပ်စတိုင်း ဂရင်းနင်းကလည်း အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အကူအညီပေးရေး လုပ်ဆောင်မှုများ နှစ်ပေါင်း ၃၀ ပြည့်ခဲ့သည့်အတွက် ချီးကျူးပြောဆိုခဲ့သည်။

Islamic Relief Worldwide (IRW) မှာ ကမ္ဘာလုံးဆိုင်ရာ ကူညီကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကမ္ဘာ့အဆင်းရဲဆုံး ပြည်သူများ အတွက် လွယ်ကူမှုများရရှိရန် ရည်ရွယ်ချက်ဖြင့် မွတ်စလင် ကူညီကယ်ရေး အေဂျင်စီ ၁၅ ခု စုပေါင်း ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။

စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတစ်ခု အဖြစ် စတင်လာခဲ့ပြီးနောက် ယခုအခါတွင် နိုင်ငံပေါင်း ၄၃ နိုင်ငံတွင် ဖြန့်ကျက် လုပ်ဆောင်နေပြီး နှစ်စဉ် ကောက်ခံရရှိသည့် လှူဒါန်းငွေမှာ ပေါင် သန်း ၁၀၀ ကျော်ရှိသည်။

၁၉၈၉ ခုနှစ်တွင် ထိုအဖွဲ့မှာ ယူကေ ကူညီကယ်ဆယ်ရေး ကော်မရှင်တွင် မှတ်ပုံတင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်များတွင် အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပနိုင်ငံများတွင် ရုံးခန်းများ ဖွင့်လှစ်နိုင်ခဲ့သည်။

၁၉၉၄ ခုနှစ်တွင် Islamic Relief အဖွဲ့၏ ဆူဒန်နိုင်ငံ၌ လေ့ကျင့်ရေးစင်တာတစ်ခုဖွင့်လှစ်ရန်အတွက် ယူကေအစိုးရမှ ထောက်ပံ့ငွေ ပေါင် ၁ သိန်း ၈ သောင်းပေးအပ်ခဲ့သည်။  ယူကေအစိုးရ၏ ထောက်ပံ့ငွေကို ပထမဆုံးရသည့် မွတ်စလင်ကယ်ဆယ်ရေးအဖွဲ့ဖြစ်ပြီး ယူကေ၏ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဌာနနှင့်လည်း လက်တွဲလုပ်ဆောင်နေသည်။

OnIslam & Newspapers

Leave a Reply