မေ ၅ ၊ ၂၀၁၄
M-Media
– အမေရိကန်ပြည်ထောင်စု Arkansas ပြည်နယ်တွင် မိသားစုများ စုရုံးနေသည့် နေအိမ်အတွင်းသို့ သေနတ်သမားက ၀င်ရောက်ပစ်ခတ်မှုကြောင့် ဆယ်ကျော်သက် မိန်းကလေး တစ်ဦးအပါအ၀င် ၃ ဦးသေဆုံးခဲ့သည်ဟု သိရသည်။
Jonesboro မြို့တွင် ယမန်နေ့ နေ့လည်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆောက်လုပ်ရေး လုပ်သားတစ်ဦးလည်း သေဆုံးခဲ့ကာ၊ အသက် ၈ နှစ်နှင့် ၁၀ နှစ်အရွယ် ကလေးနှစ်ဦး အပါအ၀င် လူလေးဦး ဒဏ်ရာရရှိရခဲ့သည်။ သေဆုံးခဲ့သူ မိန်းကလေးမှာ အသက် ၁၃ နှစ်အရွယ်သာ ရှိသေးသည်။
သံသယရှိသူသေနတ်သမားအား အဝေးပြေး လမ်းမတွင် ရပ်ထားသောကား အတွင်း၌ သေနတ် ဒဏ်ရာဖြင့် သေဆုံးနေကြောင်း တွေ့ရှိခဲ့ရပြီး ဒဏ်ရာ ရရှိသော ကလေးငယ်နှစ်ဦးမှာ စိုးရိမ်ရသော အနေအထားတွင် ရှိနေကာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု ရဲအရာရှိ ဒေါက်ဖော်မန်က ပြောကြားခဲ့သည်။ သို့သော်လည်း သေနတ်သမားမှာ မိမိကိုယ်ကို ပစ်ခတ်ခြင်းဟုတ်/မဟုတ် ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။
မိသားစုပါတီပွဲ ကျင်းပနေသည်ဟု ယူဆရသည်နေအိမ်တစ်ခုတွင် ယမန်နေ့ နေ့လည် ၁ နာရီခန့်က သေနတ်သမား တစ်ဦးမှ ၀င်ရောက်ပစ်ခတ်ခဲ့ပြီးနောက် နာရီဝက် အကြာတွင် အဝေးပြေးလမ်းဘေးရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် အလုပ်သမားတစ်ဦးအား သွားရောက် ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိခဲ့ခြင်းဖြစ်သည်။
သေနတ်သမားနှင့် အဆိုပါ မိသားစုမှာ မည်ကဲ့သို့ ဆက်သွယ်မှုရှိနေပြီး မည်သည့်အကြောင်းကြောင့် ထိုကဲ့သို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းကို စုံစမ်းလျက်ရှိနေကြာင်း ဖော်မန်က ထည့်သွင်းပြောကြားခဲ့သည်။
AP
Comments