6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၅ ၊ ၂၀၁၄
M-Medai

– အစ္စရေးနိုင်ငံမှာ ဂျူးလူမျိုးများ၏ တိုင်းပြည်အဖြစ် သဘောသက်ရောက်စေမည့် ဥပဒေမူကြမ်းတစ်ခုကို ၀န်ကြီးချုပ်နေတန်ယာဟုက ကတ်ဘိနတ်တွင် တင်သွင်းခဲ့သည်ဟု သိရသည်။

Netanyahu_2486694b

ယမန်နေ့ကပြုလုပ်ခဲ့သော ကတ်ဘိနတ်အစည်းအဝေးတွင် နေတန်ယာဟုက အဆိုပါ မုကြမ်းမှာ အစ္စရေးနိုင်ငံအား “ဂျူးလူမျိုးများ၏ တိုင်းပြည်အဖြစ် ရှင်းရှင်းလင်းလင်း အဓိပ္ပါယ်သက်ရောက်စေမည်” ဟု ပြောကြားခဲ့သည်။

“နိုင်ငံသားအားလုံးအပေါ် တူညီတဲ့အခွင့်အရေးကို အစ္စရေးက ပေးပါမယ်။ ဒါပေမယ့် ဒီနိုင်ငံက ဂျူလူမျိုးတွေရဲ့နိုင်ငံပါ။ အခြားလူမျိုးတွေနဲ့ မသက်ဆိုင်ပါဘူး။ ဒါကြောင့် အစ္စရေးနိုင်ငံကို ဂျူးလူမျိုးတွေရဲ့ နိုင်ငံဖြစ်လာဖို့အတွက် ဥပဒေတစ်ခုပြဌာန်းဖို့ ကျွန်တော်ရည်ရွယ်ပါတယ်” ဟု နေတန်ရာဟုကဆိုသည်။

အဆိုပါ ဥပဒေမူကြမ်းအား ပြီးခဲ့သည့် သီတင်းပတ်က ပထမဆုံး ဖော်ပြခဲ့ခြင်းဖြစ်ပြီး တရားရေးဝန်ကြီး တီဇီပီ လစ်ဗနီအပါအ၀င် နေတန်ယာဟု၏ နိုင်ငံရေးပြိုင်ဘက်များက ဝေဖန်ခဲ့ကြသည်။ ထိုဥပဒေမှာ ဒီမိုကရေစီ တန်ဖိုးများကို ကျော်လွန်ကာ ဂျူးလူမျိုးများ၏ ထုံးတမ်းစဉ်လာများကို ဦးစားပေးလွန်းသည့်အတွက် ကန့်ကွက်ကြောင်း လစ်ဗနီက ပြောကြားခဲ့သည်။

ထိုဥပဒေ တရားဝင်ဖြစ်လာပါက အစ္စရေးရှိ အာရဗ်လူနည်းစုများအပေါ် ခွဲခြားမှုများ ဖြစ်ပေါ်လာခြင်းနှင့် ၁၉၄၈ ခုနှစ်ကတည်းက ဖြစ်ပွားခဲ့သော စစ်ပွဲများမှ ပါလက်စတိုင်းဒုက္ခသည်များ နေရပ်ပြန်အခြေချခွင့် ဆုံးရှုံးမည်ကို ပါလက်စတိုင်းများက စိုးရိမ်နေသည်။

အစ္စရေးမှာ ပါလက်စတိုင်းတို့၏ ပိုင်နက်များကို သိမ်းယူ၍ အိမ်ရာများဆောက်လုပ်ကာ ဂျူလူမျိုးများအား နေရာချထားပေးခြင်းကို ၁၉၆၇ ခုနှစ်မှစ၍ ယခုအချိန်အထိ ဆက်တိုက် လုပ်ဆောင်နေသည်။

ယခုလက်ရှိတွင် အစ္စရေးက ပိတ်ဆို့ထားသည့် ပါလက်စတိုင်းနယ်မြေများတွင် နေထိုင်ရေသူများ၏ ၇၅ ရာခိုင်နှုန်းမှာ ဂျူးများဖြစ်ကြ့ပီး၊ အများစုမှာ အစ္စရေးနိုင်ငံ တည်ထောင်သည့် ၁၉၄၈ ခုနှစ်နောက်ပိုင်း နိုင်ငံရပ်ခြားမှ ၀င်ရောက်လာကြသူများဖြစ်သည်။

Leave a Reply