.မေ ၇ ၊ ၂၀၁၄
M-Media
-ရီးယဲလ်၏ ဖိအားပေးမှုကြောင့် နေးမာအား စီစဉ်ထားသည့်ထက် တစ်နှစ်စော၍ ခေါ်ယူရန် ဘာစီလိုနာ၏ ဘဏ္ဍာရေး အခြေအနေကို ထိခိုက်စေသည်ဟု ဘာစီလိုနာအသင်း၏ ဒုတိယ ဥက္ကဌ အားလကစ် ဗီလာ ရူဘီက ပြောကြားလိုက်သည်။
ဘာစီလိုနာမှာ နေးမာအား ၂၀၁၄-၁၅ ဘောလုံးရာသီပြီးမှ ခေါ်ယူရန် စီစဉ်ထားသော်လည်း ရီးယဲလ်မှ ကြားဖြတ်ခေါ်ယူမည်ကို စိုးသောကြောင့် ပြီးခဲ့သည့် ရာသီက ယူရို ၅၇ သန်းဖြင့် အလျင်စလို ခေါ်ယူလိုက်ရခြင်းဖြစ်သည်။
သို့သော်လည်း စုံစမ်းမှုများအရ တရားမ၀င် ငွေကြေးပေးအပ်မှုများအပါအ၀င် နေးမာ၏ အပြောင်း အရွှေ့မှာ ယူရို ၈၇ သန်းအထိ ရှိခဲ့သည်။
ခါးသီးသောပြိုင်ဘက် ရီးယဲလ်ကို လက်ဦးမှုရယူရန်အတွက် နေးမာအား အလျင်စလို ခေါ်ယူခဲ့ခြင်းက အသင်းစီးပွားရေး အခြေအနေကို ထိခိုက်စေသည်ဟု ဗီလာရူဘီက ၀န်ခံခဲ့သည်။
“အကြိုသဘောတူညီချက်ထဲမှာ နေးမာကို ၂၀၁၄-၁၅ ဘောလုံးရာသီပြီးမှ ခေါ်ဖို့ လက်မှတ်ထိုးခဲ့တာပါ။ အခြားအသင်းက ဖိအားပေးမှုကြောင့် တစ်နှစ်စောပြီးခေါ်ယူဖို့ ဖြစ်ခဲ့ပါတယ်။ ဒီအချက်က အသင်းရဲ့ ဘဏ္ဍာရေးတည်ငြိမ်မှုကို ထိခိုက်စေခဲ့ပါတယ်” ဟု ၎င်းက သတင်ထောက်များအား ပြောကြားခဲ့သည်။
ုထို့ပြင် ဖိအားများဝန်းရံနေခြင်းက အားကစား ကိစ္စရပ်များနှင့် မဆိုင်သည့် အခြားသော အကြောင်းအရာများကို ဖြစ်ပွားစေနိုင်သည်ဟု ဗီလာရူဘီက ထည့်သွင်းပြောကြားခဲ့သည်။
Comments