6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၁၁၊ ၂၀၁၄
M-Media

12B

– တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ ရန်လိုသည့် အပြုအမူပေါ် စိုးရိမ်မှုများက မြန်မာနိုင်ငံတွင်ပြုလုပ်နေသော အရှေ့တောင်အာရှ ဒေသတွင်း အစည်းအဝေး တွင် လွှမ်းမိုးနေသည်ဟု သိရသည်။

ဗီယက်နမ်က ပိုင်ဆိုင်သည်ဟု ကြေညာထားသည့် တောင်တရုတ်ပင်လယ် ပါရာဆယ်ကျွန်းအနီး ရေပိုင်နက်အတွင်း ရေနက်ရေနံတူးဖော်ရေး စက်ကိရိယာများကို ပြောင်းရွှေ့နေရာချပြီးနောက် တရုတ်နှင့် ဗီယက်နမ်သင်္ဘောများ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့ပြီး နှစ်နိုင်ငံအကြား တင်းမာမှုများ ကြီးထွားလာခဲ့သည်။

သို့သော်လည်း အရှေ့တောင်အာရှ အဖွဲ့ဝင်နိုင်ငံအချို့ကမူ အင်အားကြီး အိမ်နီးချင်းနိုင်ငံ တရုတ်နှင့် ၎င်းတို့၏ နိုင်ငံရေးနှင့် စီပွားရေုးဆိုင်ရာ ဆက်ဆံရေး မကြေလည်မှု များအား စောင့်ကြည့်လျက်ရှိနေသည်။ တရုတ်နှင့် ပိုင်နက်အငြင်းပွားမှုတွင် ဗီယက်နမ်၊ ဖီလစ်ပိုင်၊ ဘရူနိုင်းနှင့် မလေးရှားတို့ ပါဝင်သည်။

အဖွဲ့ဝင်နိုင်ငံတစ်ချို့၏ ပိုင်နက်အငြင်းပွားမှုကိစ္စတွင် အာဆီယံနိုင်ငံအားလုံး ပါဝင်ရမည်ဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ယမန်နေ့တွင် သဘောတူညီခဲ့ကြ သည်။ သို့သော်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဟူချန်ယင်းကမူ ပိုင်နက်အငြင်းပွားမှုအတွက် ဝေဖန်မှုများကို ပယ်ချလိုက်ပြီး တောင်တရုတ်ပင်လယ် အငြင်းပွားမှုမှာ မိမိတို့နှင့် အိမ်နီးချင်းအာဆီယံနိုင်ငံများ၏ ပြဿနာမဟုတ်ကြောင်း၊ ထိုကိစ္စကိုအသုံးပြု၍ မိမိတို့၏ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ပျက်ပြား အောင် ကြိုးပမ်းမှုကို အမြဲတမ်း ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်မှာ ကမ္ဘာပေါ်တွင် အရေးပါသော ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းများထဲမှ တစ်ခုဖြစ်ပြီး ရေသတ္တ၀ါများလည်း ပေါများကာ ရေနံနှင့် ဓာတ်ငွေ့သိုက်များ ပေါ်ကြွယ်ဝသည်ဟု ယုံကြည်နေသည်။

Ref : Aljazeera

Leave a Reply