.မေ ၁၂၊ ၂၀၁၄
.ရေးသားပြုစုသူ- ပါမောက္ခ ဒေါက်တာအောင်ဇော်
ရှိုက်အစ္စမာအီလ်သည် ကျောင်းဆရာတစ်ဦး ဖြစ်သည်။ မြန်မာအမည်မှာ ဆရာဘေဖြစ်သည်။ ရန်ကုန်မြို့ ၃၁ လမ်း၊ အိမ်အမှတ် ၄တွင် နေထိုင် သူ ဖြစ်သည်။ ၁၂၅၄ခု၊ ကဆုန်လ၊ ၁၈၉၂ ခု မေလတွင် ဖကီများကျင့်စဉ် ကျမ်းကို ရေးသားပြုစုသည် ။ ရန်ကုန်မြို့ ဆူးလေဘုရားလမ်း ဒီဘတ်ပုံနှိပ်တိုက်မှ ထုတ်ဝေသည်။
၁၈၉၃ ခု ဇူလိုင်လ ၂၇-ရက်နေ့တွင် ပုံနှိပ်ထုတ်ဝေသော ဦးဖိုးခင်၏ ၃၅ ခန်း သြ၀ါဒကျီတပ်ကျမ်းထက် တစ်နှစ်စောသည်။ တွေ့ရသမျှ မြန်မာ မွတ်စလင်မ်ပုံနှိပ်ကျမ်းများအနက် အစောဆုံးပုံနှိပ်သော ဘာသာရေး ကျမ်းဖြစ်သည်ဟု ဆိုနိုင်သည်။
“၎င်းစာအုပ်ကို စာရေးသောအခါ ဆရာ့ဆရာများထံ ခွင့်ပန်တောင်း၍ ဟာဖွစ် မိုဟန်မက်၊ အီဗျာဟင် ပေရှိမန် မော်လ၀ီ၊ ဟာဖွစ် အီလာဟီ ဘောက်ရှိ ရှာဆပ်တို့ကို မေးမြန်း၍ လည်းကောင်း စကားအရာများကို ညှိနှိုင်းတိုင်ပင်ပြီးလျှင် ရေးသားသော စာဖြစ်ပါသည်” ဟု စာမျက်နှာ(၃တွင်ဖော်ပြပါ ရှိ သည်။
ကျမ်းပြုသူ၏ရည်ရွယ်ချက်ကို –
“ဖကီဇော်ဂျီ၊ ရှာဝလီတို့၊ စာဂီကျင့်မှန်၊ ၀ီလာ ရက်ဇန်ဟု ထက်သန်ပညာ ၀ါသနာဖြင့်၊ ကောင်းစွာစီကုံး၍ထားခဲ့သော နည်းနာနယတို့အနက် ယခုကြုံသရွေ့ကို ဒွန်္နရာသားဖကီ များတို့ မှတ်သားစေရန်၊ အာရဇူစိတ်ကြံလျက် စီမံထားခဲ့သော ဖကီများကျင့်စည်”
ဟု ဖော်ပြထားသည်။ စာအုပ်အမည်ပါ စာမျက်နှာတွင် စာအုပ် ပုံနှိပ်တိုက်၊ ပုံနှိပ်သည့်အချိန်နှင့်စာရေးသူအမည်ကို-
“ဆူးလေဘုရားလမ်း၊ ဒီဘတ်ပုံနှိပ်တိုက် ၁၈၉၂ ခု မေလ၊ ၁၂၅၄ ခုနှစ် ကဆုန်လ ဆရာ ရှိတ်ဤဆာမာအင်မာစတာ”
ဟု ရေးထားသည်။ ကြယ်နှင့်လတံဆိပ်ပါရှိပြီး အရဗီဘာသာ ဖြင့် မဒရဆာအေရှိတ်(ခ)အစ်္စမာအီလ်ဟုလည်းကောင်း၊ မြန်မာဘာသာ ဖြင့် ဆရာဘေကျောင်းဟုလည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့ှ့်နငှျုာငျေူဒှခ့သသူ ဟုလည်းကောင်း ရိုက်နှိပ်ထားသည်။ မေမန်စာများ လည်း ပါရှိသည်။
“ကောင်းကင်ထိရှိသောနေသည် အညစ်အကြေး မကောင်း ဟူသရွေ့အပေါ်၌ အရှိန်ထိုးသော်ငြားလည်း ၎င်းင်းနေသည် အညစ်အကြေးမဖြစ်နိုင်ရာ။ ထို့ကြောင့် ခိုဒါ အရှင်မြတ်သည် လည်း အယုတ်အလတ်အမြတ် ဟူသရွေ့ကိုပင် ဖန်ဆင်းတော် မူသော်လည်း အကျိုးယုတ်စေခြင်းငှာ မဖန်ဆင်းရာ ရစူ လွတ်လာသခင်ကို တမန်တော်အရာ၌ စေလွှတ်လိုက်သော်လည်း အမျိုးအမြတ်ကိုပင် တရားရေအေးတိုက်ကျွေးဖို့ရာ မစေလွှတ်၊ အားလုံးပေါ်၌ပင် အညီအမျှရဟ်မတ် ပေးသနားတော်မူ၍ နောင် အာခေရတ်၌လည်း မျက်နှာကြီးငယ်မရွေးဘဲ မိမိအပြစ် ဂွန်္နာအလျောက် ထိုက်သည့်အားလျော်စွာ ခံရလိမ့်မည် ဖြစ်သော ကြောင့် စဉ်းစား၍ ၎င်းင်း စာကိုဖတ်ကြပါ။ အမျိုးကောင်းသား တို့ခင်ဗျာ-”
ဟု အစပျိုးထားသည်။
ဖကီများကျင့်စဉ်ကျမ်းတွင် နွတ်ဖွာပဋိသနေ်္ဓနေခြင်းအကြောင်း၊ မူရိဒ်တပည့်နည်းအကြောင်း၊ ဘိုင်အတ်တပည့်ခံခြင်း၏အကြောင်း၊ မူအာနီကာ နှလုံးအပ်ခြင်း၏အကြောင်း၊ တာလစ်ပေါင်း (၄၀) ခံခြင်း၏ အကြောင်း၊ မန်ဇည်စခန်းများအကြောင်း မူရာဘာကာဘိုင်တို့၏ နည်း အကြောင်း၊ မရှာဟီဒါကြည့်မြင်ခြင်းအကြောင်း၊ မူကာရှိဖာ၏ အကြောင်း၊ တ၀က်ဂျာပေးနည်း၏အကြောင်း စသည့်ခေါင်းစဉ်များ ပါဝင် သည်။ ခေါင်းစဉ် စုစုပေါင်း ၇၀ ပါဝင်သည်။ ခေါင်းစဉ်တစ်ခုကို အခန်း တစ်ခန်းအဖြစ် သတ်မှတ်ပြီး အခန်းပေါင်း ၇၀ အထိ ရေးထားသည်။ ကရောင်း ၁၀ ချိုး စာမျက်နှာ ၆၃ မျက်နှာပါဝင်သည်။ ဖွကီကျင့်စဉ်ဟူသည့် ကျမ်းအမည်ပေးထားသည့်အတိုင်း အစ်္စလာမ်ဝိပဿနာ သမထဆိုင်ရာ များကို တင်ပြထားသည်။
ကြော်ငြာစာ
“လူအများ ကြားသိစေရန် ကြော်ငြာလိုက်သည်မှာ မည်သူ မဆို ၎င်းင်းစာအုပ်ကို တစ်ယောက်က တစ်ယောက်သို့ ရောက် သွားလျှင် ပြောတန်သည့်စကားမှ မသိသူများကို ပြော၍ပြပါ။ သို့မဟုတ် မပြောပါနှင့် စီးပွားချမ်းသာရေး ဖြစ်ထွန်းစေခြင်းငှာ ပုံနှိပ်လုပ်ဆောင်သည်မဟုတ်၊ သားမယား မွေးဖို့လည်း မဟုတ်။ မိမိတို့ သိစေခြင်း၊ ထွန်းကားစေခြင်းငှာ ရေးသား၍ ဖော်ပြပါ သည်။ ရင့်သောဖွကီမှတစ်ပါး အများလူမဖတ်သင့် မမေးသင့် သည်။ လမ်းစခန်း၌ ထိုက်သောသူများသာ ၀ယ်သင့် ရောင်း သင့်ပါကြောင်း ကြော်ငြာလိုက်သည်”
ဟု ကြော်ငြာစာ ထည့်သွင်းပါရှိသည်။
ကျမ်းပြုသူသည် မိမိတင်ပြသောအကြောင်းရပ်ကို မည်မျှလေးစား တန်ဖိုးထားကြောင်း၊ ပိုင်နိုင်ကျွမ်းကျင်ကြောင်း ဖော်ပြခြင်းဖြစ်သည်။ ထီမထင်သည့် လေသံမျိုးပေါ်လွင်သည်။
ဟာဇရတ်အီမာန် မိုဟာမက်ဂါဇာလီ၏ အဟာရာအွတ်အူလွတ် ကျမ်းကြီးထဲမှ တာရစ်ကိုလ်အောင်လေရာ နှင့် ကီမျာ ဆာဒက် မှ ထုတ်နုတ်ရေးသားထားသည်ဟုလည်း ဖော်ပြထားပါသည်။
ဤတွင် ကျမ်းပြုစုသူ၏ မြန်မာစာအရေးအသားခန့်မှန်းနိုင်ရန် ရဆူ လွတ်လာနူနှင့် နာမတော်အကြောင်းမှ ကောက်နုတ်တင်ပြပါသည်-
“ခိုဒါအရှင်မြတ်သည် ပထမသူ၏ နူရောင်ခြည်တော်မြတ် နှင့် ရဆူလွလ်လာ၊ နူကိုဖန်ဆင်းတော်မူပြီးလျှင် အရက်ရှ်တော်၌ ထားလေသည်။ ထိုနူရောင်ခြည်တော်မြတ်ကား ပုလဲ တစ်လုံး၊ ရွဲတစ်လုံးကဲ့သို့ ဖြစ်လာ၍ သူ၏ပါရဒါတွင်း၌ ထားပြီး လျှင် ရွှေဥဒေါင်းကဲ့သို့ ထိုနူကို တစ်ဖန်ဖန်ဆင်းပြီးလျှင် ရှဂျာရာ တိုလ်ရကင်ဆိုသောသစ်ပင်၌ နားနေစေလေသည်။ တာရှည် သဖြင့် အရှင်မြတ်အီဘာဓာတ်၌ တသပြီးလျှင် ခိုဒါ အရှင် မြတ် ဗျာဒိတ်တော်ရှိသည့်အတိုင်း ထိုနူရွှေဥဒေါင်းသည် ဓာတ် လေးပါးစီသို့သွား၍ ကြည့်ရှုစုံစမ်းရမည်။
ထိုဓာတ်လေးပါးတို့ကား မီး၊ ရေ၊ လေ၊ မြေ ၎င်းင်း ဟာဗျစ် လိုက်သော ဓာတ်နှင့်ဆင်းတော်မူမည်ဟု ဗျာဒိတ်ရှိ၏။ ထို့နောက် သူသွား၍ စုံစမ်းသောအခါ မီး၊ ရေ ဤနှစ်မျိုးတို့သည် အလွန် စိတ်အားကြီး၍ မာနရောက်တတ်သောဓာတ်များပင်ဖြစ်ပေသော ကြောင့် ပထ၀ီမြေသည် သည်းညည်းခံသဖြင့် သူနှစ်သက်၍ ၎င်းင်းရဆူလွလ်လာ ခန္ဓာကို မြေနှင့် ဖန်ဆင်းတော်မူလေ၏”
ကောက်နုတ်ချက် စာပိုဒ်ပါ ရောင်ခြည်တော်၊ တာရှည်သဖြင့်၊ ဗျာဒိတ်တော်၊ ဓာတ်လေးပါးဖန်ဆင်း၊ သည်းညည်းခံ စသည့် ဝေါဟာရများသည် မြန်မာဆန်ပါသည်။ အဓိပ်္ပာယ်ပေါ်လွင်ပါသည်။ ခိုဒါ၊ နူရ်၊ ရဆူလွလ်လာ၊ အရရှ်၊ ပါရဒါ၊ ရှာဂျရာတိုလ် ရကင်၊ ဟာဗျစ်၊ အီဘာဓာတ်စသည့် ဝေါဟာရများသည် အစ်္စလာမ်သာသနာသုံး အရဗီ ဝေါဟာရများအတိုင်း အသုံးပြုထားသဖြင့် စာကိုလေးနက်စေပါသည်။ ခံ့ညားစေပါသည်။
ပုလုံးတစ်လုံး၊ ရွဲတစ်လုံးကဲ့သို့၊ ရွှေဥဒေါင်းကဲ့သို့ ဟူသည့် အနှိုင်း များကြောင့် အကြောင်းအရာကို ပေါ်လွင်စေပါသည်။ တန်ဖိုးထားမြတ်နိုးမှု၊ လှပကြော့ရှင်းမှုများ အာရုံသက်စေနိုင်ပါသည်။
လျှင်-လျှင် ဆက်ကာသုံးပြီး ၀ါကျကို တည်ဆောက်ခြင်း၊ ၍-၍ အနီးအကပ်သုံး၍ ၀ါကျကို ဆန့်ယူခြင်းတို့သည် ရှေးရေးဟန်ဖြစ် ပါသည်။
ကျမ်းပြုသူသည် ကျင့်စဉ်ကျမ်းအပြီး The brighter the moon shines the more the dog howl’ ကဲ့သို့ စကားပုံနှင့် ဆိုရိုးကောက်နုတ် ချက်များကို စာရှုသူတို့ ဗဟုသုတ ရရာရကြောင်း အင်္ဂလိပ်ဘာသာဖြင့် ထပ်ဆောင်းတင်ပြထားသည်ကိုလည်း တွေ့ရပါသေးသည်။ ကျမ်းပြု၏ စေတနာပေါ်လွင်ပါသည်။
မှတ်ချက်- ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုသော တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (၂) မှ ကူးယူဖော်ပြပါသည်။
Comments