6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၂၂၊ ၂၀၁၄
M-Media
.မောင်လျှောက်(မြန်မာ့မြေ)

10365994_235125130016752_1802048407404725142_n
ရန်ကုန် ။ ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ရန်ကုန် အရှေ့ပိုင်းခရိုင်လုံးဆိုင်ရာ ဆန္ဒထုတ်ဖော်ပွဲ တစ်ရပ်ကို လာမည့် မေလ၂၅ရက်နေ့ ညနေ၄နာရီတွင် ဒေါပုံမြို့နယ် ဘောလုံး အားကစားကွင်းမှာ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ထို ဆန္ဒထုတ်ဖော်ပွဲကို မြို့နယ်များမှတက်ကြွလှုပ်ရှားသူများနှင့် လူမှုကွန်ရက် အဖွဲ့အစည်းများ ၃၅ ခု တို့မှ ဦးဆောင်ပြုလုပ်ခြင်းလည်းဖြစ်သည်။ “ကျွန်တော်တို့ ဖွဲ့စည်းပုံ ပြင်ရေးအတွက် ရည်မှန်းချက် ၅ ချက်ပါ။ တိုင်းရင်းသားတွေနဲ့ တန်းတူညီမျှ ရရှိရေး၊ နောက် ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် အဟန့်အတား မဖြစ်စေရပါဘူး။ ပြည်သူလူထု လိုလားတဲ့ အစိုးရဖြစ်စေဖို့ ၊ ဒီမိုကရေစီ အစိုးရအတွက် တပ်မတော်က အဟန့်အတားမဖြစ်စေရဘူး။ ဒီမိုကရေစီ စံနှုန်း မကိုက်ညီတာတွေကို ပြင်ဆင်ရမယ်။ ဒီအချက်တွေနဲ့ ကျွန်တော်တို့ ချဉ်းကပ်ပါမယ်”ဟု တက်ကြွလှုပ်ရှားသူ ကိုနန္ဒစစ်အောင်က ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။

ဒါ့အပြင်အခြေခံဥပဒေ ပြင်ဆင်ရေးကြာမြင့်နိုင်မှု အချိန်ကာလနှင့် ပတ်သက်၍ Yangon School of Political Science မှ ဦးမြတ်သူက “ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ တိုင်းပြည်ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အခြေအနေအရပ်ရပ်ကြောင့် လိုအပ်ရင် လိုအပ်သလို ပြင်ဆင်ပြောင်းလဲနေ ရမှာဖြစ်တဲ့ အတွက်ကြောင့် အချိန်ကာလကန့်သတ်ပြီးပြောဖို့က အခက်အခဲရှိပါတယ်”လို့ဆိုပါတယ်။

လက်ရှိတွင်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် စပ်လျဉ်း၍ ပြင်ဆင်သင့်သည့် ပုဒ်မများကို နိုင်ငံရေး ပါတီများ၊ လူမှုကွန်ရက် အဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများ ကတောင်းဆိုထားပြီး အများပြည်သူများ ကလည်း ပြင်ဆင်ပေးရန် လိုလားလျက်ရှိကြသည်။

မကြာမီက NLD ပါတီမှ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ၈၈မျိုးဆက် ကျောင်းသားများ (ပွင့်လင်းလူ့အဖွဲ့အစည်း) တို့ပူးပေါင်းကာ ရန်ကုန် ဗိုလ်စိန်မှန် အားကစားကွင်းနှင့် မန္တလေး အောင်ပင်လယ် ဘောလုံးကွင်းတို့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဟောပြောပွဲများ ပြုလုပ်ခဲ့ကြသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော် နာယကမှ လွှတ်တော်ကိုယ်စားလှယ် ၁၀၉ဦးပါဝင်သော လေ့လာသုံးသပ်ရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး ယခုအခါ နိုင်ငံရေးပါတီများမှ လွှတ်တော် ကိုယ်စားလှယ် ၃၃ ဦး ပါဝင်သော လေ့လာပြင်ဆင်ရေး ကော်မတီဖြင့် ဆောင်ရွက်ထားရှိသည်။

 

Leave a Reply