မေ ၂၃ ၊ ၂၀၁၄
M-Media
– ဂျာမန်ဘွန်ဒစ် လီဂါပြိုင်ပွဲများတွင် ဂိုးလိုင်းနည်းပညာကို အသုံးပြုရန် ဂျာမနီဘောလုံးလိဂ် DFL သို့ ဘိုင်ယန်မြူးနစ်အသင်းက တောင်းဆိုလိုက်သည်ဟု သိရသည်။
ဂိုးလိုင်း နည်းပညာကို အင်္ဂလန်တွင် ၂၀၁၃-၁၄ ဘောလုံးရာသီက စတင် အသုံးပြုခဲ့သော်လည်း ဂျာမနီပရိုဘောလုံးပြိုင်ပွဲများတွင် ထိုနည်းပညာ အသုံးပြုရန် ဂျာမနီ ပထမတန်းနှင့် ဒုတိယတန်းမှ ၃၆ သင်းက ကန့်ကွက်ခဲ့သည်။
ပြီးခဲ့သည့် စနေနေ့ ဘိုင်ယန်က ဒေါ့မွန်အား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည့် ဂျာမန်ရှုံးထွက် ဖလားဗိုလ်လုပွဲတွင် ဒေါ့မွန်အသင်းမှ ဟမ်မဲလ်စ်သွင်းယူခဲ့သော ဂိုးမှာ ဖြတ်ထုတ်ခြင်း မခံရမီ ဂိုးစည်းကျော် သွားခဲ့သော်လည်း ဒိုင်လူကြီးက ဂိုးမပေးခဲ့ချေ။
ထိုပွဲပြီးနောက် ဘိုင်ယန်ဥက္ကဌ ရိုင်ဟာ့ဒ် ရူဘောလ်က DFL သို့ စာတစ်စောင်ပို့ခဲ့ပြီး ဘွန်ဒစ်လီဂါပြိုင်ပွဲများတွင် ဂိုးလိုင်း နည်းပညာအား အသုံးပြုရန် တောင်းဆိုခဲ့သည်။ ဘိုင်ယန်၏ ထိုတောင်းဆိုချက်ကို DFL အဖွဲ့ဝင် ကလပ်အသင်းများက လာမည့်အစည်းအဝေးတွင် ဆွေးနွေးကာ လက်ခံရန်သင့်မသင့်ကို မဲခွဲဆုံးဖြတ်သွားမည်ဖြစ်သည်။
Leave a Reply
You must be logged in to post a comment.