မေ ၂၆ ၊ ၂၀၁၄
M-Media
– ဒဏ်ရာပြဿနာကြောင့် ခြေစွမ်းပျောက်ကာ အသင်းတွင် ပုံမှန်နေရာမရသည့် မက်ဆီမှာ အသင်းအတွက် ၀န်ထုပ်ဝန်ပိုးမဖြစ်ဟု ဘာစီလိုနာအသင်း တိုက်စစ်မှူး နေးမာက ပြောကြားခဲ့သည်။
အက်သလက်တီကိုအား ချန်ပီယံလိဂ်တွင် ရှုံးနိမ့်ခဲ့ပြီးနောက် ထိုပွဲတွင် ပြသခဲ့သည့် မက်ဆီ၏ ခြေစွမ်းနှင့် ပတ်သက်၍ ဝေဖန်မှုအများအပြားရှိလာခဲ့သည်။ သို့သော်လည်း မက်ဆီမှာ အသင်းတွင် အရေးပါနေဆဲဟု နေးမာကဆိုသည်။
“နေးမာက ကျွန်တော်တွေ့ဖူးသမျှထဲမှာ အကောင်းဆုံး ကစားသမားပါပဲ။ ကျွန်တော်သေတဲ့အထိ သူ့ကိုကာကွယ်သွားမှာပါ။ သူဟာ ကျွန်တော်တို့အတွက် အဖြေပါပဲ။ ဘယ်တော့မှ ပြဿနာမဟုတ်ပါဘူး” ဟု Sport သတင်းဌာနသို့ ပြောကြားခဲ့သည်။
မိမိနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် စိတ်လှုပ်ရှားမိကြောင်း နေးမာက ထပ်လောင်းပြောကြားခဲ့သည်။
Comments