News @ M-Media

ဖမ်းဆီးခံ တရားမ၀င် ရွှေ့ပြောင်း မြန်မာနိုင်ငံသား တစ်ဦး ဆေးရုံမှ ထွက်ပြေးစဉ် ပြုတ်ကျသေဆုံး

မေ ၂၇ ၊ ၂၀၁၄
M-Media

– တာဝန်ရှိသူများ၏လက်မှ လွတ်မြောက်ရန်အတွက် အိပ်ယာခင်းအား ကြိုးအဖြစ် အသုံးပြုကာ ဆေးရုံပြတင်းပေါက်မှ တွယ်ဆင်းခဲ့သည့် မြန်မာနိုင်ငံသား တစ်ဦးမှာ တတိယထပ်မှ ပြုတ်ကျ သေဆုံးခဲ့သည်ဟု သိရသည်။

အသက် ၄၇ နှစ်အရွယ် မိုဟာမက်ဟာရှင်ဟု အမည်ရသည့် အဆိုပါ မြန်မာနိုင်ငံသားမှာ မလေးရှားသို့ တရားမ၀င် ၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး Raja Perempuan Zainab II ဆေးရုံတွင် အဆုတ်ရောဂါကြောင့် ဆေးကုသမှု ခံနေရသူဖြစ်သည်။ ၎င်း၏အလောင်းအား နံနက် ၆ နာရီခွဲတွင် လုံခြုံရေး တစ်ဦးက တွေ့ရှိခဲ့ပြီး၊ ကြိုးအဖြစ် အသုံးပြုခဲ့သည်ဟု ယူဆရသည့် အိပ်ယာခင်းနှစ်ခုကိုလည်း ဆေးရုံ၏ နံရံတွင် တွေ့ရှိခဲ့ရသည်။

လူဝင်မှုကြီးကြပ်ရေးဌာနမှ လက်ထောက် ဒါရိုက်တာ နူရ်ဒင် အီဗရာဟင်မ်က ဟာရှင်မှာ မေလ ၂၂ ရက်နေ့က ဆေးရုံတင်ခဲ့ရခြင်းဖြစ်ပြီး ၎င်း၏ အခြေအနေမှာ ဆိုးရွားကြောင်း အတည်ပြုပြောဆိုခဲ့သည်။

“သူကို့ တရားမ၀င် ၀င်လာသူတွေ ထိန်းသိမ်းတဲ့ စခန်းကို ပို့ပြီး နောက်ပိုင်းမှာ မြန်မာနိုင်ငံကို ပို့ဖို့ စီစဉ်ထားတာပါ” ဟု အီဗရာဟင်မ်က ဆိုသည်။

ဟာရှင်၏ အလောင်းကို အဆိုပါဆေးရုံ၏ ရင်ခွဲရုံတွင် ထားရှိပြီး သေဆုံးရသည့် အကြောင်းအရင်းကို စစ်ဆေးသွားမည်ဟု သိရသည်။

Ref: The Star

Comments

Leave a Reply