News @ M-Media

မက်ဆီက မိမိလို ကစားသမားမျိုးဖြစ်ရန် အိပ်မက် မက်နေသည်ဟု အဂူရိုဆို

.မေ ၂၇ ၊ ၂၀၁၄
M-Media
411965_heroa
– မိမိမှာ မက်ဆီကဲ့သို့ဖြစ်ရန် အိပ်မက် မက်မနေဘဲ မက်ဆီကသာ မိမိကဲ့သို့ဖြစ်ရန် အိပ်မက် မက်နေခြင်းဖြစ်သည်ဟု မန်စီးတီးအသင်း၏ အာဂျင်တိုင်း တိုက်စစ်မှူး အဂူရိုက အရွှန်းဖောက် ပြောကြားခဲ့သည်။

Puma ၏ ဘောလုံးကန်ဖိနပ်အသစ် ပြပွဲတွင် အဂူရိုအား ကမ္ဘာ့အကောင်းဆုံးဆု လေးကြိမ်ရ မက်ဆီကဲ့သို့ အဆင့်မျိုး ရောက်ရန်မျှော်မှန်းထားသလားဟု မေးမြန်းခဲ့ရာ ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ မိမိအနေဖြင့် ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးဖြစ်ချင်သည်ဟုလည်း ဖွင့်ဟခဲ့သည်။ အဂူရိုမှာ မန်စီးတီအသင်း၏ အဓိက တိုက်စစ်မှူးဖြစ်ပြီး ပြီးခဲ့သည့် ဘောလုံးရာသီက ဒဏ်ရာကြောင့် အနားယူခဲ့ရသော်လည်း ကစားနိုင်သည့် ပွဲများတွင် အသင်းအတွက် အရေးပါသောဂိုးများကို သွင်းယူပေးခဲ့သူဖြစ်သည်။

အာဂျင်တီးနားအသင်း၏ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ပတ်သက်၍လည်း အဂူရိုက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမြဲတမ်းခက်ခဲသော်လည်း မိမိတို့ ဗိုလ်စွဲနိုင်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ အာဂျင်တီးနားအသင်းမှာ နိုက်ဂျီးရီးယား၊ အီရန်၊ ဘော့စနီးယားတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။

Comments

Leave a Reply