6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၂၈ ၊ ၂၀၁၄
M-Media
africa-nigeria-ex-president-obasanjo-holds-talks-free-schoolgirls-1401194698– ပြန်ပေးဆွဲခံထားရသည့် ကျောင်းသူ နှစ်ရာကျော်အား ကယ်တင်ရန်အတွက် နိုက်ဂျီးရီးယား သမ္မတဟောင်း အိုလူဆီဂန် အိုဘာဆန်ဂျိုမှာ ဘိုကိုဟရမ်အဖွဲ့ နီးစပ်သူများနှင့် ဆွေးနွေးခဲ့သည်ဟု AFP သတင်းဌာနက ဖော်ပြခဲ့သည်။

ဘိုကိုဟရမ်အဖွဲ့ဝင်များ၏ ဆွေမျိုးများ၊ စေ့စပ်ပေးသူများနှင့် အိုဘာဆန်ဂျိုတို့ ပြီးခဲ့သည့် တနင်္ဂနွေနေ့က နိုင်ငံတောင်ပိုင်း အိုဂန်ပြည်နယ်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ညှိနှိုင်းမှုများမှ တစ်ဆင့် ကျောင်းသူများ လွတ်မြောက်ရေးအတွက် အာရုံစိုက် ဆွေးနွေး ခဲ့ကြသည်ဟု အမည် မဖော်ပြသည့် သတင်းရင်းမြစ် တစ်ခုက ဆိုသည်။ သို့သော်လည်း ထိုတွေ့ဆုံမှုမှာ နိုက်ဂျီးရီးယား အစိုးရ၏ စီစဉ်မှု ဟုတ်၊ မဟုတ်ကိုမူ ရှင်းရှင်းလင်းလင်း သိရခြင်းမရှိချေ။

အိုဘာဆန်ဂျိုမှာ အစိုးရတပ်များက ဖမ်းထားသည့် ဘိုကိုဟရမ် တိုက်ခိုက်ရေးသမားများနှင့် ကျောင်းသူများ အလဲအလှယ် လုပ်ခြင်းကို ထောက်ခံထားသူဖြစ်သည်။ သို့သော်လည်း သမ္မတ အဘူဂျာကမူ ထိုအစီအစဉ်ကို လက်မခံဘဲ ဘိုကိုဟရမ် အဖွဲ့များနှင့် ဆွေးနွေးရန် စေ့စပ်သူများအား စေလွှတ်ထားပြီး ရှာဖွေမှုများ ကိုလည်း ပြုလုပ်နေသည်။

အဆိုပါ ကျောင်းသူများ ရှိနေသည့်နေရာကို သိရှိနေပြီဟု နိုက်ဂျီးရီးယား အစိုးရက တနင်္လာနေ့တွင် ပြောကြားခဲ့သော်လည်း ကယ်ဆယ်ရေုးလုပ်ငန်း လုပ်ဆာင်ရန်အတွက် စိုးရိမ်မှုများရှိနေသည်။

Ref: Agencies

Leave a Reply