News @ M-Media

ဆွာရက်ဇ်မှာ မက်ဆီ၊ ရော်နယ်ဒိုတို့ထက် ပိုကောင်းသည်ဟု ဥရုဂွေးအသင်းဖော်ဆို

မေ ၃၁၊ ၂၀၁၄
M-Media

31C

– ခရစ္စတီယာနို ရော်နယ်ဒိုနှင့် လီယွန်နယ် မက်ဆီတို့အား ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားများအဖြစ် သတ်မှတ်ထားသော်လည်း လူးဝစ် ဆွာရက်ဇ်မှာ ၎င်းတို့ ၂ ဦးထက် ပိုကောင်းသည်ဟု ဥရုဂွေးအသင်းဖော် ခရစ္စတီယန် ရော်ဒရီဂက်ဇ်က ပြောကြားလိုက်သည်။

ဆွာရက်ဇ်မှာ ဒူးဒဏ်ရာကြောင့် မေလအစောပိုင်းက ခွဲစိတ်ကုသမှု ခံယူထားရပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ပြန်လည်သက်သာရန် မသေချာသေးပေ။ ခရစ္စတီယန်ကမူ ဆွာရက်ဇ်မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော် သတိထားမိသလောက်တော့ ရော်နယ်ဒိုနဲ့ မက်ဆီဟာ ဆွာရက်ဇ်ထက် တစ်ဆင့်နိမ့်ပါတယ်။ သူဟာ ကလပ်အသင်း အတွက်ရော နိုင်ငံအသင်းအတွက်ပါ ကိုယ်စားပြု ကစားသူပါ။ မက်ဆီနဲ့ ရော်နယ်ဒိုကတော့ ကလပ်အသင်းမှာပဲကောင်းမွန်ပြီး နိုင်ငံအသင်းအတွက် အဲလောက်မကောင်းပါဘူး” ဟု Daily Mail သတင်းစာသို့ ပြောကြားခဲ့သည်။

ဆွာရက်ဇ်မှာ ၂၀၁၃-၁၄ ဘောလုံးရာသီတွင် လီဗာပူးလ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး ပွဲပယ်ပြစ်ဒဏ်ကြောင့် ပွဲစဉ်အပြည့် မကစားခဲ့ရသော်လည်း ပရီးမီးယားလိဂ်တွင် ၃၁ ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။

Ref : Goal

Comments

Leave a Reply