6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၃၁၊ ၂၀၁၄
M-Media
လမင်း

31E

ရန်ကုန်။        ။ စည်းမဲ့ကမ်းမဲ့ဖြစ်နေသော ယာဉ်များအား လူမှုကွန်ယက်တစ်ခုဖြစ်သည့် Facebook စာမျက်နှာတွင် တရားဝင် တိုင်ကြားနိုင် ပြီဖြစ်ကြောင်း ရန်ကုန်မြို့ အမှတ် ၂ ယာဉ်ထိန်းရဲဌာနမှ ဒုရဲမှူးကြီးလင်းထွဋ်က ဆိုသည်။

“ယာဉ်တိုက်မှုတစ်ခုဖြစ်ပြီဆိုရင် ဖြစ်တဲ့နေရာမှာ ယာဉ်ထိန်းရဲလည်းမရှိဘူး။ အဲလိုစည်းကမ်းမဲ့ဖြစ်နေတဲ့ယာဉ်တွေကို ပြည်သူတွေအနေနဲ့ တတ်နိုင်သလောက်ပါဝင်ပူးပေါင်းစေချင်တာပါ” ဟု၎င်းကဆက်လက်ပြောကြားခဲ့သည်။

ယင်းလူမှုကွန်ရက်စာမျက်နှာအား “ယာဉ်စည်းကမ်း ထိန်းသိမ်းရေး” ဟုအမည်ပေးထားပြီး Email လိပ်စာမှာ [email protected] ဖြစ်သည်။အခင်းဖြစ်ပွားနေသည့်အဖြစ်အပျက်များအား ပြည်သူများမှ ဖုန်း၊ ကင်မရာ များဖြင့် အခြေအနေများကို မှတ်တမ်းပေးတိုင်ကြားနိုင်ပြီး ထိုစာမျက်နှာတွင် ယာဉ်ထိန်းရဲနှင့် ပတ်သက်သည့် လုပ်ဆောင်ချက်များကိုပါ ဖော်ပြပေးသွားမည်ဟုလည်း သိရသည်။

ထိုစာမျက်နှာတွင် တိုင်ကြားလာသည့် အကြောင်းအရာများအား စစ်ဆေးပြီး အရေးယူ ဆောင်ရွက်မှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်းကိုလည်း တာဝန်ရှိသူများကဆိုသည်။ မြို့တွင်းတွင် မရပ်ရလမ်းများရှိနေသေးသော်လည်း စည်းကမ်းဖောက်ဖျက်သော ယာဉ်များအား ယာဉ်ထိန်းရဲအင်အား မလုံလောက်မှုကြောင့် အရေးယူမှုများကို ထိရောက်စွာဆောင်ရွက်နိုင်မှုမရှိသေးကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် လက်ရှိယာဉ်ထိန်းရဲတာဝန်ကို ထမ်းဆောင်နေကြသော ယာဉ်ထိန်းရဲအင်အားမှာ ၈၀၀ ကျော်သာရှိသည်ဖြစ်ပြီး ယာဉ်ထိန်းရဲအင်အားနည်းနေသောကြောင့် ၀န်ထမ်းသစ်များကို အမြန်ဆုံးခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Tags:

Leave a Reply