6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၄ ၊ ၂၀၁၄
M-Media
လမင်း
2
ရန်ကုန်။        ။ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်တွင် ရန်ကုန်တိုင်း TB ရောဂါတိုက်ဖျက်ရေး ဌာနနှင့် ကျောက်တံတားမြို့နယ် မြို့နယ်ကျန်းမာရေးဦးစီးဌာန တို့မှ ပူးပေါင်းပြီး TB ရောဂါတိုက်ဖျက်ရေးအတွက် ရွှေ့လျားဆေးကုသမှုကို ဇွန်လ ၂ ရက်မှ ၆ ရက်နေ့အထိ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“တချို့လူတွေက ချောင်းဆိုတာလောက်ကို ပေါ့ပေါ့တန်တန်ပဲနေကြတယ်။ ကိုယ့်ကိုကိုယ် ဘာမှမဖြစ်ဘူးဆိုပြီး လိမ်ထားကြတယ်။ ရောဂါကိုလည်း ဆေးရုံ ဆေးခန်းတွေမှာ လာမစစ်ကြဘူး။ ဒါကြောင့် အခုလို ရပ်ကွက်ထဲကို ကွင်းဆင်းပြီးတော့ ကုသပေးနေတာဖြစ်ပါတယ်” ဟု ကျောက်တံတားမြို့နယ် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ ဒေါ်မြသက်ဝင်းက ရှင်းလင်းပြခဲ့သည်။

တီဗီရောဂါတိုက်ဖျက်ရေး ရွှေ့လျားဆေးကုသရေးကို ဇွန်လ ၂ ရက်နေ့တွင် မဟာဗန္ဓုလ ပန်းခြံလမ်း၊ ဇွန်လ ၃ ရက်နေ့တွင် ပန်းဆိုးတန်းလမ်း၊ ဇွန်လ ၄ ရက်နေ့တွင်၃၈ လမ်း၊ ဇွန်လ ၅ ရက်နေ့တွင် ၃၉ လမ်းနှင့် ဇွန်လ ၆ ရက်နေ့တွင် လမ်း ၄၀ တို့ရှိ ဓမ္မာရုံများတွင် ဆေးခန်း ဖွင့်ထားပြီး ကုသပေးလျက်ရှိကြောင်း သိရသည်။
3
၂ ပတ်ထက်ပိုပြီး ချောင်းဆိုးလျှင် ချောင်းဆိုးတဲ့အခါ သွေး (သို့မဟုတ်) သလိပ်ပါလျှင် အစားအသောက်ပျက်လျှင် ကိုယ်အလေးချိန်ကျပြီး တဖြည်းဖြည်းပိန်လာလျှင် တစ်ငွေ့ငွေ့ဖျားပြီး ညအခါချွေး အလွန်ထွက်ပါက TB ရောဂါရှိ မရှိ စစ်ဆေးရန်ပြုလုပ် သင့်ကြောင်း ဒေါက်တာမြသက်ဝင်းကဆိုသည်။

အဆိုပါ TB ရောဂါတိုက်ဖျက်ရေး ရွှေ့လျားဆေးကုခန်းကို ၂၀၁၁ ခုနှစ်ကတစ်ကြိမ်ပြုလုပ်ခဲ့ပြီး ယခု ၂၀၁၄ တွင် ဒုတိယ အကြိမ်မြောက်ပြုလုပ်ခြင်းဖြစ်သည်။ ကျောက်တံတားမြို့နယ်တွင် သာမက အခြားမြို့နယ်များတွင်လည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply