6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၆ ၊ ၂၀၁၄
M-Media
Sombat_Boonngamanong_0606_840_883_100
– အာဏာသိမ်းစစ်တပ်အား ဆန့်ကျင်ဆန္ဒပြရန် အွန်လိုင်း စာမျက်နှာများတွင် လှုပ်ရှားမှုများပြုလုပ်ခဲ့သည့် အာဏာသိမ်း ဆန့်ကျင်ရေး ခေါင်းဆောင်ကို ဖမ်းဆီးလိုက်သည်ဟု ထိုင်း စစ်တပ်က ယနေ့တွင် ကြေညာလိုက်သည်။

Sombat Boonngamanong ဆိုသူဖြစ်ပြီး ယမန်နေ့ညပိုင်းက နိုင်ငံအရှေ့ပိုင်း ချွန်ဘူရီ ပြည်နယ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ Boonngamanong မှာ စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သည့် ငြိမ်းချမ်းသော ဆန္ဒပြပွဲများပြုလုပ်ရန်နှင့် “Hunger Games” ရုပ်ရှင်တွင် ပါဝင်သည့် စစ်အစိုးရအား ဆန့်ကျင်သော လက်သုံးချောင်းထောင် သင်္ကေတကို ပြုလုပ်ရန် ဆော်သြခဲ့သူဖြစ်သည်။ ၎င်းမှာ စစ်အစိုးရ၏ အမိန့်ကို ချိုးဖောက်မှုဖြင့် တရားစွဲဆိုခံရမည်ဖြစ်ပြီး ပြစ်မှုထင်ရှားပါ ထောင်ဒဏ် ၂ နှစ် ကျခံရဖွယ်ရှိနေသည်။

Boonngamanong မှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် ယင်းလပ်တို့ကို အားပေးထောက်ခံသူ ရှပ်နီခေါင်းဆောင်လည်းဖြစ်သည်။ မေလ ၂၂ ရက်နေ့က အာဏာသိမ်းခဲ့ပြီးနောက် ထိုင်းစစ်တပ်မှာ နိုင်ငံရေးသမား၊ ပညာရှင်များနှင့် ဂျာနယ်လစ် ရာပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

မည်သူများကို ဖမ်းဆီးထားပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားခြင်းနှင့် ပတ်သက်၍ လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်မှုများရှိနေပြီး၊ လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေများအဖွဲ့ကမူ ဖမ်းဆီးခံထားရသည့်ဦးရေမှာ ၂၀၀ ခန့်ရှိသည်ဟု ဆိုသည်။

Photo- ရိုက်တာ

Ref: Al Jazeera and agencies

Reuters
Reuters
Tags:

Leave a Reply