ဇွန်လ ၁၆ ရက်၊ ၂၀၁၄
M-Media
– အီတလီအားရှုံးနိမ့်ခဲ့သည့်ပွဲတွင် ပြသခဲ့သည့် တိုက်စစ်မှူး ရူနီ၏ခြေစွမ်းနှင့် ပတ်သက်၍ နည်းပြ ရွိုင်ဟဒ်ဆန်က ကာကွယ်ပြောကြားခဲ့သည်။
ထိုပွဲတွင် ဘယ်တောင်ပံ ထွက်ကစားခဲ့သည့် ရူနီမှာ စတားရစ်ခ်ျ သွင်းယူခဲ့သည့် ဂိုးအား ဖန်တီးပေးနိုင် ခဲ့သော်လည်း ဂိုးရနိုင်သည့် အကောင်းဆုံးအခွင့်အရေးတစ်ခုအား အသုံးချနိုင်ခဲ့ခြင်း မရှိချေ။ သို့သော်လည်း ရူနီမှာ အင်္ဂလန်အသင်း၏ အရေးပါသော အစိတ်အပိုင်းဖြစ်သည်ဟု ဟဒ်ဆန်က ဆိုသည်။
“သူကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပြီး ပုံစံကောင်းတစ်ခုကနေ အသင်းအတွက် ဂိုးတစ်ဂိုးကို သူ ဖန်တီးပေးခဲ့ပါတယ်။ ရူနီကို နေရာစုံမှာ သုံးနိုင်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ပြီးတော့ သူရဲ့ စွမ်းဆောင်မှုအတွက် ကျွန်တော်ကျေနပ်ပါတယ်” ဟု ဟဒ်ဆန်က BBC နှင့် မေးမြန်းခန်းတွင် ပြေားကြားခဲ့သည်။
ရူနီမှာ နောက်ဆုံးကစားခဲ့သည့် ကမ္ဘာ့ဖလားပွဲစဉ် ၉ ပွဲတွင်း ဂိုးသွင်းယူနိုင်ခြင်းမရှိသေးပေ။ ရူနီအား ဘယ်တောင်ပံတွင် သုံးခဲ့ခြင်းနှင့် ပတ်သက်၍ ချယ်ဆီးလ် နည်းပြ မော်ရင်ဟိုကလည်း ဝေဖန်ခဲ့သည်။
Comments