6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန်လ ၁၈ ရက်၊ ၂၀၁၄
M-Media
Ofsted-Finds-Islamic-School-Outstanding
– အစ္စလာမ်ဘာသာရေးနှင့် ၀ိဇ္ဇာသိပ္ပံ ဘာသာရပ်များကို ပူးတွဲသင်ကြားသော ယူကေရှိ မူလတန်းကျောင်းတစ်ကျောင်းမှာ ပညာရေးဌာန၏ အဆင့်သတ်မှတ်မှုတွင် ထိပ်တန်း၌ ရပ်တည်နိုင်ခဲ့သည်ဟု သိရသည်။

Al-Ikhlaas ဟု အမည်ရပြီး နယ်လ်ဆင်မြို့ နော်ဖို့လ်က် လမ်းတွင် လွန်ခဲ့သည့် ၄ နှစ်က တည်ထောင်ခဲ့သည့် အဆိုပါကျောင်းသို့ ပညာရေးဌာနမှ စုံစမ်းစစ်ဆေးရေးအဖွဲ့က လာရောက် စစ်ဆေးခဲ့ပြီးနောက် ထိုကဲ့သို့ သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး၊ ဘာသာရေးနှင့် ၀ိဇ္ဇာသိပ္ပံ ပညာရပ်များ ပေါင်းစပ်ထားသည့် ထိုကျောင်း၏ သင်ရိုးညွှန်းတမ်းမှာ စေ့စပ်ပြီး စနစ်ကျသည်ဟု စစ်ဆေးရေးအဖွဲ့က ချီးကျူးခဲ့ကြသည်။

“အစ္စလာမ့်ရဲ့ တန်ဖိုးတွေပါဝင်ပြီး လုံခြုံမှုရှိတဲ့၊ ဂရုစိုက်မှုရှိတဲ့ ပတ်ဝန်းကျင်နဲ့အတူ အရွယ်စုံကို အရည်အသွေးပြည့်ဝတဲ့ ပညာရေးကို ပေးအပ်တဲ့နေရာမှာ Al-Ikhlaas ဟာ သတ်မှတ်ထားတဲ့ရည်ရွယ်ချက်ကို ရောက်ရှိပါတယ်။ ကျောင်းကို စတင်တည်ထောင်တဲ့ အချိန်ကစလို့ ကျောင်းသားတွေအတွက် ကောင်းမွန်တဲ့ စောင့်ရှောက်မှုတွေကိုလည်း ဒီကျောင်းက ပေးပါတယ်” ဟု စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် မက်ဂ် ဘက်ကင်ဟမ်က ပြောကြားခဲ့သည်။

အဆိုပါ စစ်ဆေးရေးအဖွဲ့ကို ခရယာန်သာသနာပြုကျောင်းများနှင့် မွတ်စလင်အဖွဲ့မှ တည်ထောင်သည့် ကျောင်းများအား စစ်ဆေးရန် အစိုးရက ဖွဲ့စည်းထားခြင်းဖြစ်သည်။

Al-Ikhlaas မူလတန်းကျောင်း၏ အုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဌဖြစ်သူ အင်မ်ရန်း အရှ်ရက်ဖ်က အချိန်တိုတိုအတွင်း ထိုကဲ့သို့ ထိပ်တန်းအဆင့် သတ်မှတ်ခံခဲ့ရခြင်းအတွက် ဆရာ၊ ဆရာမများ၊ ကျောင်းဝန်ထမ်းများ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျောင်းသားများနှင့် မိဘများကို ကျေးဇူးတင်ကြောင်း  Lancashire Telegraph သတင်းစာသို့ ပြောကြားခဲ့သည်။

အဆိုပါမူလတန်းကျောင်း၏ သင်ရိုးညွှန်းတမ်းတွင် အာရဗီ၊ ကုရ်အာန်၊ အစ္စလာမ့်ရေးရာ လေ့လာမှုများနှင့် ၀ိဇ္ဇာသိပ္ပံ ဘာသာရပ်များပါဝင်ကာ အသက် ၄ နှစ်မှ ၁၁ နှစ်အရွယ် ကလေးများကို သင်ကြားပေးနေသည်။

ကျောင်းတွင် လုပ်ဆောင်နေသည့် လှုပ်ရှားမှုများမှာ “ကျောင်းသားများအား ဖြောင့်မတ်ပြီး ပညာတတ် မွတ်စလင်များအဖြစ် ဘ၀သက်တမ်းကို လျှောက်လှမ်းနိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်” ဟု အဆိုပါကျောင်း၏ ၀ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

Ref: OnIslam & Newspapers

Leave a Reply