ဇွန် ၂၅၊ ၂၀၁၄
M-Media
လမင်း
ရန်ကုန်။ ။ ပြည်ထောင်စုလွှတ်တော်မှ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေအား ပြင်ဆင် ပြဌာန်းသည်ကို သမ္မတဦးသိန်းစိန်မှ မနေ့က ဇွန်လ ၂၄ ရက်နေ့မှာ အတည်ပြုပေးကြောင်း လက်မှတ်ရေးထိုးလိုက်ပါပြီ။
အဆိုပါ ဥပဒေတွင် “ခွင့်ပြုမိန့်” ဆိုသည့် အစား “ခွင့်ပြုချက်”ဆိုသည့်စကားရပ်၊ “ကိုယ်ရေး အချက်အလက်” ဆိုသည့် စကားရပ်အစား ” အမည်နှင့် ဆက်သွယ်ရမည့်နေရပ်လိပ်စာ အပြည့်အစုံ” ဆိုသည့် စကားရပ်ဖြင့် အစားထိုး ရမည်ဖြစ်ကြောင်း ပြောင်းလဲပြင်ဆင်ခဲ့ပါတယ်။
ဒါအပြင် အဆိုပါ ဥပဒေ ပုဒ်မ ၁၇ တွင်ပါရှိသော ပါရှိသော နှစ်နှစ်ထက် မပိုသော ထောင်ဒဏ် အစား ” တစ်နှစ်ထက်မပိုသော ထောင်ဒဏ်” ၊ ပုဒ်မ ၁၈ တွင်ပါရှိသော တစ်နှစ်ထက်မပိုသော ထောင်ဒဏ်အစား ခြောက်လ ထက်မပိုသော ထောင်ဒဏ်၊ ပုဒ်မ ၁၉ တွင်ပါရှိသော ခြောက်လထက်မပိုသော ထောင်ဒဏ်အစား သုံးလထက်မပိုသော ထောင်ဒဏ် ဖြင့် ပြောင်းလဲပြင်ဆင်သတ်မှတ်ပေးခဲ့တယ်။
အဆိုပါ ဥပဒေကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ်စလုံးတွင် ငါးလကျော်ကြာ ဆွေးနွေးပြီးနောက် ဇွန်လ ၁၈ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြု ပြဌာန်းခဲ့ခြင်းဖြစ်ပါတယ်။
Comments