ဇူလိုင် ၁ ၊ ၂၀၁၄
M-Media
သုတ
(ည- ၁၁း၀၀ နာရီ)
၂၆-လမ်း တ၀ိုက်မှာ လူ ၃၀၀ လောက် စုရုံးနေကြတယ်။ (လာကြည့်တဲ့သူတွေနဲ့များနေတာလည်
တချို့က ကမ္ဘာမကြေ အော်ဆိုသူ ဆိုနေတယ်။
၂၆-၂၈လမ်းထိ၊ ၈၁x၈၃ လမ်းထိ ပိတ်ထား
(ည ၁၁း၄၅ နာရီ)
၂၆(ဘီ)လမ်း၊ ၈၃လမ်းထောင့်ကနေ ၈၄ လမ်းအထိ မွတ်စလင်ဆိုင်အများစု ဖျက်ဆီးခံရ။
ဗဟိုပိုက်ဆိုင်၊ ခင်မောင်ကြီး ခင်မောင်လေး စက်ပစ္စည်းဆိုင်၊ မြသစ္စာဘောလ်ဆိုင်နှင့် မွတ်စလင်ဆိုင်များ ဖျက်ဆီးခံရ၊ တခြားသော မွတ်စလင်ဆိုင် မျက်နှာစာများ ဖျက်ဆီးခံရ။
ဆိုင်များအား ခဲနှင့် ဝိုင်းထုကြ၊
၂၆-လမ်းပေါ်တွင် ရပ်ထားသော မွတ်စလင်ပိုင် ကားများ ဖျက်ဆီးခံရ။
ဖျက်ဆီးသူ လူစုမှာ ဆိုင်ကယ် အစီး ၂၀ မှ ၂၅ စီးခန့်အထိရှိကြောင်းသိရ၊
ရဲများက ၂၆-လမ်း ၈၂-လမ်းထောင့်တွင် ရှိနေသော်လည်း ရပ်ကြည့်နေသည်မှအပ မည်သို့မျှ ထိန်းသိမ်းခြင်း မရှိ။
Comments