ဇူလိုင် ၃ ၊ ၂၀၁၄
M-Media
– ကင်ညာရှိ ကုန်တင်လေယာဉ်တစ်စင်းမှာ လေယာဉ်ကွင်းမှ ပျံတက်ပြီးနောက် စီးပွားရေး အဆောက်အဦးတစ်ခုပေါ်သို့ ပျက်ကျခဲ့သည်ဟု သိရသည်။
Fokker 50 လေယာဉ်ဖြစ်ပြီး မြို့တော်နိုင်ရိုဘီရှိ ဂျိုမို ကန်ညက်တာ နိုင်ငံတကာလေဆိပ်မှ ယနေ့နံနက်တွင် ပျံတက်ပြီးနောက် အချိန်အနည်းငယ်အကြာတွင် ပျက်ကျခဲ့ခြင်းဖြစ်ကာ လေယာဉ်ပေါ်လိုက်ပါသွားခဲ့သည့် ခရီးသည် လေးဦးစလုံးမှာ သေဆုံးနိုင်ဖွယ်ရှိနေသည်။
အခင်းဖြစ်ပွားရာနေရာမှ သေဆုံးသူ တစ်ဦး၏ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေသည်ဟု ကင်ညာ ကြက်ခြေနီအဖွဲ့က ပြောကြားခဲ့သည်။
အခင်းဖြစ်ပွားသည့်အချိန်မှာ ယနေ့နံနက် အစောပိုင်းဖြစ်နေခြင်းကြောင့် လေယာဉ်ပျက်ကျခဲ့သည့် အဆောက်အဦးထဲတွင် မည်သူမှရှိမနေဟု ကင်ညာ အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။ မည်သည့် အတွက်ကြောင့် လေယာဉ် ပျက်ကျခဲ့ရသည် ဆိုသည်ကို အတိအကျ မသိရှိရသေးပေ။
Ref: CNN
Comments