6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန်လ ၃၊ ၂၀၁၄
M-Media
သတင်း – ဆူးထက်

မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုနှင့် ပတ်သက်၍ ယနေ့ မနက် ၁၀နာရီ ၀န်းကျင်က မန္တလေးတိုင်း ၀န်ကြီးချုပ် ရဲမြင့် မှ ဘာသာပေါင်းစုံ အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ တိုးချဲ့ချထားကြောင်း၊ ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်နှင့် ပတ်သက်၍ အမြန်ဆုံး တိကျစွာ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည့်ဟု သတင်းရရှိပါတယ်။

ယနေ့ မနက် လင်းအားကြီး အချိန်တွင် ဗလီဝတ်ကျောင်းသို့ ဝတ်ပြုရန် သွားစဉ် အကြမ်းဖက်သမားများ တိုက်ခိုက်မှုကြောင့် ကွယ်လွန်သွားခဲ့တဲ့ ဦးစိုးမင်း နှင့် ပတ်သတ်၍လည်း “ဒီလူက အင်မတန်အေးပြီး ဘုရားတရား မြဲတဲ့သူတစ်ယောက်ပါ။ ဒီနေ့မနက်က သူတို့နားက တောင်ဗလူဗလီက တံခါးပိတ်ထားလို့ ၂၉လမ်း x ၈၃ လမ်းဒေါင့်က ဗလီကို ဘုရားလာဝတ်ပြုတဲ့ အချိန်၊လျှပ်စစ်ဆိုင်ရှေ့နားရောက်တော့ ကုလား တစ်ယောက် ဦးထုပ်ဆောင်းပြီးလာနေတယ်။ ချကွာ ချ ဆိုပြီး လူအယောက် တစ်ရာလောက်ရှိတယ်။ ၀ိုင်းပြီး ခဲနဲ့ပေါက် ပြီး ရိုက်ကြတာ။ အဲဒီမှာတင် ပွဲချင်းပြီး သေဆုံးသွားတာပါ” ဟု မန္တလေးမြို့ခံ အစ္စလာမ်ဘာသာတစ်ဦးက အမ်မီဒီယာကို ပြောပါတယ်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ နိုင်ငံတော်မှာ တာဝန်ရှိကြောင်း၊ အပြစ်မဲ့ ပြည်သူတစ်ယောက် ဆုံးရှုံးခြင်း ဖြစ်ကြောင်း၊ ဥပဒေ အပြင်ကနေ အာဃတတွေနှင့် လုပ်တာ ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာစောင်ကြည့်သူ တစ်ဦးက သုံးသပ်ပြောကြားခဲ့ပါတယ်။

” အခု ရဲတပ်ဖွဲ့ဝင်တွေ ပိုပြီး တိုးချဲ့ချထားတာ တွေ့ရပါတယ်။ ဒါပေမယ့် လက်တွေ့မှာ လူတွေ ထိခိုက်ဒဏ်ရာတွေ ရရှိတယ်။ လူ သေဆုံးမှုတွေ ရှိခဲ့ပါတယ်။ အစု အစုဖွဲ့တွေ ဖွဲ့ပြီး ဗလီနဲ့ အစ္စလာမ် ဘာသာဝင်တွေကို လိုက်ရှာပြီး လုပ်တာပါ။ ကျွန်တော်တို့ဘက်က စတင်ပြီး သာသနိက အဆောက်အဦးတွေ မပြောနဲ့ ဇရပ်ကိုတောင် ခဲနဲ့ တစ်ချက် ပစ်မပေါက်ခဲ့ပါဘူး” ဟု ဖြစ်ရပ်များနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော မန္တလေးမြို့နေ အစ္စလာမ် ဘာသာဝင် တစ်ဦးက M-Media သို့ပြောပါတယ်။

ယခုအခါ ဇူလိုင်လ ၃-ရက်နေ့ ညနေပိုင်းတွင် အစ္စလာမ်ဘာသာဝင်များ၏ ၀တ်ပြုကျောင်းတော်များနှင့် နေအိမ်များအား ဖျက်ဆီးမည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် မန္တလေးမြို့ ၆-မြို့နယ်အား ည ၉-နာရီမှ မနက် ၅-နာရီအထိ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို မန္တလေးခရိုင် အာဏာပိုင်မှ ယနေ့ ညနေ ၅-နာရီက ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း သိရှိရပါတယ်။

Leave a Reply