6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၄၊ ၂၀၁၄
M-Media
သုတ

မန္တလေး အကြမ်းဖက်မှုတွင် ဗုဒ္ဓဘာသာဝင်တစ်ဦးနှင့် အစ္စလာမ်ဘာသာဝင်တစ်ဦးဟာ အကြမ်းဖက်သမားများ လက်ချက်ဖြင့် သေဆုံးသွားခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အစ္စလာမ်ဘာသာဝင်၏ နာရေးကိုတော့ အေးရိပ်ငြိမ်သုဿာန်တွင် မနေ့က မြှုပ်နှံခဲ့ပြီးဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်၏ နာရေးအား ယနေ့ နေ့လည် ၁-နာရီက သင်္ဂြိုဟ်ရာတွင် လိုက်ပါပို့ဆောင်သူ အများစုတွင် တုတ်ဓါးများ ကိုင်ဆောင်ထားပြီး ကားများ၊ လူတစ်ထောင်ခန့်၊ ဆိုင်ကယ် အစီး ၃၀၀ ခန့်ဖြင့် သာသနာ့အလံ ကိုင်ဆောင်သူက ကိုင်ဆောင်၍ အချို့ကလည်း ကမ္ဘာမကြေသီချင်းကို အော်ဟစ်သီဆိုခဲ့ကြပါတယ်။

နားရေးလိုက်ပို့တဲ့ကားမှာတော့ ဘာသာရေးအသွင်ဆောင် အကြမ်းဖက်မှု မီးတောက်ပိုမိုကြိးထွားစေနိုင်တဲ့ အမုန်းတရားဖြစ်ပွားစေမည့် ပြင်းထန်သော အသုံးအနှုန်းများ ပါဝင်သော စာသားများ ၊ ကွယ်လွန်သူရဲ့ သွေးသံရဲရဲ ဓါတ်ပုံများပါဝင် ဗီနိုင်း အကြီးတခုကို ချိတ်ဆွဲထားတာကို တွေ့ရပါတယ်။

အေးရိပ်ငြိမ် သုဿာန်သို့သွားရာတွင် လမ်း ၈၀ ပေါ်၌ ရပ်ထားသော ဆိုင်ကယ်တစ်စီးက ရိုက်ချိုးခဲ့ကြပြီး ဟင်ဒွတ်စတာနီဗလီအနီး အရောက်တွင် ” ဒီနားမှာ ကုလားဗလီ တစ်လုံးရှိတယ်ဖျက်ကွာ” ဟုဆိုကာ ဗလီအား အပြင်ဘက်မှ ခဲများဖြင့် ပစ်ပေါက်ခဲ့တာကို အနီးရှိ မျက်မြင်သက်သေ မန္တလေးမြို့ခံ ဗုဒ္ဓဘာသာဝင် တစ်ဦးမှ ပြောပါတယ်။

အစ္စလာမ်ဘာသာဝင်များ အနေဖြင့်လည်း စိုးရိမ်သောကများ ဖြစ်နေကြပြီး ဗုဒ္ဓဘာသာဝင်အများစုမှာလည်း မန္တလေးမြို့မှာ အကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားလာမည်ကို မလိုလားကြောင်း သိရပါတယ်။

ဘာသာလူမျိုးပေါင်းစုံ နှစ်ပေါင်းများစွာ ရင်းနှီးချစ်ခင်စွာနေလာခဲ့ကြသည် မန္တလေးမြို့အား ယခုကဲ့သို့ အကျည်းတန်ဖြစ်စေရန် လှုံ့ဆော်မှုများ ရှိနေသော်လည်း မန္တလေးဒေသကြီး အစိုးရအနေဖြင့် မည်သို့မှ ထိန်းသိမ်းခြင်းမရှိကြောင်းလည်း သိရှိရပါတယ်။

Leave a Reply