ဇူလိုင် ၅၊ ၂၀၁၄
မန္တလေးမှာ ဘာသာရေး၊ လူမျိုးရေး အရေခြုံပြီး အကြမ်းဖက်ဖို့ ကြံစည်တာ မအောင်မြင်တဲ့အတွက် ရန်ကုန်မှာ ပြောင်းကြံစည်ကောင်း ကြံစည်လာနိုင်တယ်။ ဒီကိစ္စက အတော်စိုးရိမ်စရာ ကောင်းတဲ့အခြေအနေပါ။ မန္တလေးမှာ မြို့သူမြို့သားတွေနဲ့ အများကြည်ညိုလေးစားတဲ့ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တွေ အထိန်းသိမ်းကောင်းပြီး ရဲတပ်ဖွဲ့ဝင်တွေ သတိရှိလို့ သူတို့ထင်သလို အကြမ်းဖက်မီးရှို့ခွင့် မရလိုက်ဘူး။
ရန်ကုန်မှာ ဘယ်မြို့နယ်မှာ ဘာလုပ်မယ်၊ ဘယ်သူတွေကို ဘာလုပ်ပါ ဆိုပြီး ချိတ်ဆက်ညွှန်ကြားမှုတွေ ရှိနေတယ်လို့ သတင်းထွက်နေတယ်။ အဲဒီလို အကြမ်းဖက်ဖို့ ကြံစည်တဲ့သူတွေက စနစ်တကျ လေ့ကျင့်ပေးထားတဲ့သူတွေဆိုတာကို
အထူးသဖြင့် အကြမ်းဖက်အုပ်စုက သတင်းထောက်တွေကို အတော်ညှိုးနေကြတယ်။ သတင်းထောက်တချို့ကို ဓာတ်ပုံမှတ်တမ်းရိုက်ယူထားတာမျု
ဖြစ်လာရင် ပြည်ထောင်စုအစိုးရရဲ့ လမ်းညွှန်မှုယူနေရတဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ စီမံခန့်ခွဲမှုနဲ့ အမိန့်အရ လှုပ်ရှားရတဲ့ ရဲတပ်ဖွဲ့ရဲ့ အကာအကွယ်က နောက်မှရောက်လာဖို့များတယ်။ အရေးကြီးတာက သူတို့ဆင်ထားတဲ့ ခွင်ထဲ၊ ထောင်ခြောက်ထဲကို နှစ်ဖက်စလုံး သတိလက်လွတ်ဖြစ်ပြီး ဝင်မသွားကြဖို့လိုမယ်။ နှစ်ပေါင်းအကြာကြီး ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေလာကြတဲ့ မြန်မာနိုင်ငံသားအချင်းချင်း ယိုင်းပင်းကူညီကြပါ၊ ကိုယ်ချင်းစာကြပါ။ စာနာစိတ်ထားကြပါ။ မေတ္တာထားကြပါလို့ မေတ္တာရှေ့ထားပြီး ကြိုတင် သတိပေးပါရစေ။
https://www.facebook.com/
Comments