6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၅၊ ၂၀၁၄
M-Media
index
– စစ်အေးခေတ်က ပျောက်ဆုံးခဲ့သည့် ဂျပန်နိုင်ငံသားများအရေး ဆွေးနွေးမှုများပြုလုပ်ပြီးနောက် မြောက်ကိုရီးယားအပေါ် ပြုလုပ်ထားသည့် ပိတ်ဆို့မှုအချို့ကို ဂျပန်က လျော့ပေါ့မည်ဟု ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ယနေ့တွင် ပြောကြားလိုက်သည်။

ဂျပန်နှင့် မြောက်ကိုရီးယားမှ တာဝန်ရှိသူများ တရုတ်နိုင်ငံ ဘေဂျင်း၌ ပြုလုပ်ခဲ့သည့် အဆိုပါ ဆွေးနွေးမှုအတွင်း ၁၉၇၀ ပြည့်နှစ်များနှင် ၁၉၈၀ ပြည့်နှစ်များတွင် ပျောက်ဆုံးသွားခဲ့သည့် ဂျပန်နိုင်ငံသားများအား ရှာဖွေရန် စုံစမ်းမှုများ ပြန်လည်ပြုလုပ်ပေးမည်ဟု မြောက်ကိုရီးယားက ကတိပြုခဲ့သည်။

ဂျပန်ဘက်ကမူ ထိုပျောက်ဆုံးမှုမှာ ဂျပန်စကားနှင့် ယဉ်ကျေးမှုများကို သင်ယူရန် မြောက်ကိုရီးယား သူလျှိုများက ပြန်ပေးဆွဲခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ပြောဆိုထားသည်။

ဂျပန်မှ လျော့ပေါ့မည့် ပိတ်ပင်မှုများတွင် မြောက်ကိုရီးယားနိုင်ငံသားများအား ဂျပန်နိုင်ငံအတွင်းသို့ ၀င်ရောက်ခွင့်တားဆီးပိတ်ပင်ထားခြင်း၊ လက်ငင်းငွေသား ယန်း ၁ သိန်း (ကန်ဒေါ်လာ ၁၀၀၀) ထက် ပိုမိုယူဆောင်လာပါက အာဏာပိုင်များအား သတင်းပို့ရခြင်းနှင့် မြောက်ကိုရီးယား သင်္ဘောအချို့အား ဂျပန်ဆိပ်ကမ်းများ၌ ဆိုက်ကပ်ခွင့် ပိတ်ပင်ထားခြင်းတို့ ပါဝင်မည်ဖြစ်သည်။

ထိုကဲ့သို့ ပိတ်ဆို့မှု လျော့ပေါ့ခြင်းကို မနက်ဖြန်တွင် ဂျပန်ကတ်ဘိနတ်က တရားဝင်ကြေညာမည်ဖြစ်ပြီး မြောက်ကိုရီးယားကလည်း ပျောက်ဆုံး ဂျပန်နိုင်ငံသားများအား ရှာဖွေရေးအတွက် စုံစမ်းရေးကော်မတီကို ဖွဲ့စည်းမည်ဖြစ်သည်။

ဂျပန်နှင့် မြောက်ကိုရီးယားနိုင်ငံတို့မှာ တရားဝင် သံတမန်အဆက်အသွယ်မရှိဘဲ နှစ်နိုင်ငံ ဆက်သွယ်ရေးမှာ ဆယ်စုနှစ်ပေါင်းများစွာ အေးစက်ခဲ့သည်။

AFP

Leave a Reply