6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၆ ၊ ၂၀၁၄
M-Media
ရေးသူ- စိန်စံထိုက်
opinion
အာဏာရှင်တွေရဲ့ လက်ပါးစေတွေဟာ မန္တလေးမြို့မှာ မဆီလျော်တဲ့ အကြောင်းပြချက်နဲ့ အကြမ်းဖက်ပြီး မြို့ကို မီးလောင်တိုက်သွင်းဖို့ ကြိုးစားခဲ့ကြပါတယ်။ မန္တလေးသားမြို့ခံတွေ မပါဝင်တဲ့အပြင် မန္တလေးကမေတ္တာရှင်ဆရာတော် သံဃာတော်တွေနဲ့ အရပ်သားတွေ ပူးပေါင်းပြီး အကြမ်းဖက် လုပ်ရပ်ကို ဆန့်ကျင်ခဲ့တာကြောင့် အာဏာရှင်တွေရဲ့ စီမံကိန်း မအောင်မြင်ခဲ့ပါ။ လုံခြုံရေးတွေ လက်ပိုက်ကြည့်ကြပြီး အကြမ်းဖက်သမားတွေ အသံချဲ့စက်တွေနဲ့ လူထုကို စည်းရုံးတာတောင် လူထုက ပါဝင်လာခြင်း မရှိတဲ့အတွက် ဂွင်ပျက်သွားခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ဒီလို အကြံပက်စက်တဲ့ အစီအစည်အစဉ်တွေ ဆက်လက်လုပ်နေဦးမှာ ဖြစ်ပါတယ်။

ဒီလို မသမာတဲ့ အစီအစဉ်တွေပျက်အောင် NLD အပါအ၀င် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ဒီမိုကရေစီမဟာမိတ်ပါတီများ၊ ရွှေဝါရောင် သံဃာအဖွဲ့၊ နိုင်ကျဉ်းအဖွဲ့၊ တိုင်းရင်းသားအဖွဲ့များ၊ ကျောင်းသားသမဂ္ဂအဖွဲ့၊ ဒီမိုကရေစီတိုက်ပွဲဝင် (NGO) များအားလုံး စုပေါင်းပြီး ပြတ်သားသော ကြေငြာချက် တစ်ရပ်ကို ထုတ်ပြန်ကြေငြာဖို့လိုအပ်ပါတယ်။

ဒါ့အပြင် အခုလုပ်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ ဒီမိုကရေစီ ပျက်သုဉ်းရေး ဗုဒ္ဓသာသနာ ညှိုးနွမ်းအောင် ဆောင်ရွက်နေတာဖြစ်လို့ ဗုဒ္ဓဘာသာဝင်များကလည်း အောက်ပါအတိုင်း ဆန့်ကျင်ရမှာ ဖြစ်ပါတယ်။

၁။ အကြမ်းဖက်သမားများ ၀င်ရောက်မလာစေရန် ရပ်ကွက် အသီးသီးတွင် “ဤလမ်းသည် ဘာသာပေါင်းစုံ ချစ်ကြည် ရင်းနှီးစွာ နေထိုင်သော မိသားစုလမ်းဖြစ်သည်။ အဖျက်သမားများ မ၀င်ရ”  ဟူသော ဆိုင်းဘုတ်များရေးသား၍ ရပ်ကွက်ထိပ်တွင် ချိတ်ဆွဲကာ တိုင်ကီများ/ သစ်လုံးများ/ ၀ါးကပ်များဖြင့် စနစ်တကျ ကာရံထားရှိရပါမည်။

၂။ အဖျက်သမားများ ၀င်ရောက်လာပါက လေးခွများ၊ ဂျင်ကလိများဖြင့် ပစ်ခတ်မောင်းနှင်ခြင်း ပြုရပါမည်။

၃။ ၀င်ရောက်လာသော အဖျက်သမားများကို အုပ်စုတစ်စုမှ မှတ်တမ်းတင် ဗီဒီယိုများ ရိုက်ကူးထားရှိရပါမည်။

၎။ စစ်မှန်သော ဘုရားသားတော် သံဃာတော် အရှင်သူမြတ်များမှ လုံခြုံရေး ထိန်းသိမ်းရာတွင် ဒေသအတွင်းရှိ ဘာသာရေး အသင်းအဖွဲ့များ ၊ ဂေါပကများ၊  ဥပသကာများမှ သံဃာတော်များနှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်ကြရပါမည်။

၅။ ထိုသို့ဆောင်ရွက်ရာတွင် လုံခြုံရေးများ၏ တာဝန်မဲ့သော လုပ်ဆောင်ချက်များကိုလည်း ဗီဒီယိုကင်မရာဖြင့် မှတ်တမ်းတင်ခြင်း ပြုရပါမည်။

၆။ အကြမ်းဖက်သမားများ ပြန်လည် ထွက်ခွါသည့်အခါ ဆိုင်ကယ်စီး လူငယ်အုပ်စုတစ်စုမှ ၄င်းတို့ မည်သည့်နေရာတွင် စုဝေးသည်။ ၄င်းတို့ကို မည်သည့်အဖွဲ့က ကြိုးကိုင်ဆောင်ရွက်နေသည်ကို စနစ်တကျ လေ့လာ၍ မှတ်တမ်းပြုရပါမည်။

၇။ ရရှိသော ဓါတ်ပုံမှတ်တမ်းများ၊ သတင်းအချက်အလက်များကို သက်ဆိုင်ရာ အုပ်ချူပ်ရေး အာဏာပိုင်များ ၊ ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဋ္ဌာနေ ကိုယ်စားလှယ်ရုံးများ၊ အာဆီယံသံရုံးများ၊ အမေရိကန်နှင့် ဥရောပသံရုံးများ ၊ NLDဋ္ဌာနချုပ်၊ ၈၈ပွင့်လင်း လူ့အဖွဲ့အစည်း၊ ရွှေဝါရောင် သံဃာ့အဖွဲ့အစည်း၊ အခြား သင့်တော်သော အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များကို အမြန်ဆုံး ပေးအပ်ရပါမည်။

၈။ ဒေသဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့များ၊ ဂေါပကများ ၊ အစ္စလာမ်ဘာသာဝင်များမှလည်း ငြိမ်းချမ်းရေးအတွက် ဦးဆောင်နေကြသော သံဃာတော်များနှင့် ဗုဒ္ဓဘာသာအဖွဲ့များမှ ပုဂ္ဂိုလ်များ၏ မှာကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းပြုကြရပါမည်။

၉။ ဒေသအသီးသီးရှိ မြို့နယ်အသီးသီးတွင် ပြဿနာ မဖြစ်ပေါ်မီကပင် မြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်များ သီတင်းသုံးရာကျောင်းတိုက်များမှ တယ်လီ ဖုံးနံပါတ်များ၊ ဗုဒ္ဓဘာသာအသင်းအဖွဲ့များမှ ဖုံးနံပါတ်များ၊ NLD နှင့် အခြားမိတ်ဘက်ပါတီများမှ ဖုံးနံပါတ်များ၊ အခြားသင့်တော်သောအဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များ၏ ဖုံးနံပါတ်များ၊ အစ္စလာမ်ဘာသာရေးအဖွဲ့များမှ ဖုံးနံပါတ်များ၊ ဗလီဝတ်ကျောင်းတော်နှင့် ဂေါပကများ ဖုံးနံပါတ်များကို အပြန်အလှန်ရယူခြင်း၊ ပေးအပ်ခြင်းပြုကာ ပြဿနာ တစ်စုံတစ်ရာဖြစ်သည်နှင့် ဒေသခံ ဆရာတော် သံဃာတော်များနှင့် ချိတ်ဆက်ကာ လမ်းညွှန်မှုရယူ၍ စုပေါင်းဆောင်ရွက်ခြင်း ပြုကြရပါမည်။

 

ဤသို့ ညီညီညွတ်ညွတ် ဆောင်ရွက်မှသာ ပြည်သူအားလုံး စစ်အာဏာရှင် လက်ပါးစေများ၏ အန္တရာယ်မှ ကင်းဝေးကာ ၂၀၁၅ ရွေးကောက်ပွဲကြီးသို့ ပျော်ရွှင်စွာ အရောက်လှမ်းနိုင်မည် ဖြစ်ပါသည်။

Tags:

Leave a Reply